မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆန်စက်များအား အသိပညာပေး ကွင်းဆင်း ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ဆန်စက်များအား အသိပညာပေး ကွင်းဆင်း ဆောင်ရွက်



MNP ၊  စက်တင်ဘာ ၄

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန က ဆန်စက်များအား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအသိပညာပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီအချိန်က ကျောက်ရာဇ်ကေရပ်ကွက် ဒေါ်ကျော့ဖြူ ဟာလာဆန်စက်၌  ကွင်းဆင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ကျော်လှိုင် ဦးဆောင်သော အဖွဲ့သည် ဆန်စက်ပိုင်ရှင် နှင့်တွေ့ဆုံကာ ဆန်စက်များမှထွက်ရှိသော စပါးခွံများအား မြစ် ချောင်းများနှင့် မြောင်းများအတွင်းသို့ စည်းကမ်းမဲ့စွန့်ပစ်မှုများ မရှိစေရန် အသိပညာ ပေးခြင်း ၊ စပါးခွံများသည် မွေးမြူရေးခြံများနှင့် သဘာဝမြေဩဇာအဖြစ် စိုက်ပျိုးရေး လုပ် ကိုင်ရာတွင် အသုံးပြုနိုင်သည့်အတွက်  ဓာတ်မြေဩဇာသုံးစွဲမှုတွင် ငွေကြေး ကုန်ကျမှု သက် သာစေနိုင်မည်ဖြစ်ကြောင်း စပါးခွံများအား မြစ်ချောင်းများတွင် စည်းကမ်းမဲ့စွန့်ပစ်မှုကြောင့်  မြစ်ချောင်းများ တိမ်ကောလာနိုင်ခြင်း၊ ရေမြောင်းများ ပိတ်ဆို့၍ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လာနိုင်ကြောင်း ၊ ရေနေ သတ္တဝါများနှင့် ရေသယံဇာတများ ပျက်စီးလာနိုင်ခြင်း စသောအကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)