ဗန်းမော်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗန်းမော်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲပြုလုပ်






MNP ၊ စက်တင်ဘာ ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်မြို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အခြေခံပညာကျောင်းပေါင်းစုံ ခရစ်ကက်(ကျား/မ) ပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၂၃ ရက် နေ့လည် ၁၁ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ အားကစားကွင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်ပြိုင်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရေးအတွက် ကိုယ်စားပြုလက်ရွေးစင်အားကစားသမားများပေါ်ထွက်လာစေရေး ရည်ရွယ်ပြုလုပ်သည့် အဆိုပါပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားသို့ အစိုးရနည်းပညာအထက်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကြည်ဇော်ထွန်း၊ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးကြည်စိုး၊ အမှတ် (၂)သတ္တုတွင်းလုပ်ငန်း ခရိုင်တာဝန်ခံ ဦးတင်ကိုကို၊ နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များဖွံ့ဖြိုးရေးသင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးလောင်းထန် ၊ မြို့နယ်အားကစားမှူးဦးသက်ပိုင်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဦးသက်ပြန်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဝင့်တင့်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဦးစီးအရာရှိ ဦးသိုက်ဦးဝင်း၊ မြန်မာနိုင်ငံခရစ်ကတ်အဖွဲ့ချုပ်မှ နည်းပြချုပ် ဦးရဲမျိုးထွန်း တို့ တက်ရောက်ပြီး အမျိုးသားနှင့် အမျိုးသမီးအသင်း ဆုရရှိသူများအား ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။

စက်တင်ဘာ ၁၈ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါပြိုင်ပွဲသို့ ဗန်းမော်မြို့နယ်၊ မိုးမောက်မြို့နယ်နှင့် မံစီမြို့နယ်များရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသားအသင်း (၈)သင်း၊ ကျောင်းသူအသင်း (၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)