MNP ၊ စက်တင်ဘာ ၃
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ်တွင် ယမန်နေ့ညက မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချောင်းရေများ ကျဆင်းခဲ့သဖြင့် စလင်း-ဆိပ်ဖြူကားလမ်းမပေါ်ရှိ ဥသျှစ်ကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာအနီးနှင့် စလင်းတညောင်ကျေးရွာအုပ်စုအနီး၊ ဆူးလေကုန်းချောင်း၊ နွယ်တမယ်ကျေးရွာအနီးတို့တွင် ချောင်းရေကျမှုကြောင့် ခေတ္တလမ်းကူးဆက်သွယ်သွားလာမှု ပြတ်တောက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ လမ်းပန်းဆက်သွယ်မှု၊ချောင်းရေကျမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌ ဦးမြင့်သိန်းနှင့်တာဝန်ရှိသူများက သွားရောက်ကြည်ရှူခဲ့ကြသည်။ စက်တင်ဘာလ ၂ ရက်နေ့ညမှ စက်တင်ဘာ ၃ ရက်နေ့ နံနက်ပိုင်းအထိ မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် တောင်ကျချောင်းရေများစီးဆင်ကာ ယနေ့နံနက် ၈ နာရီ ၃၀ မိနစ်အချိန်မှ စတင်ပြီး ဥသျှစ်ကုန်းကျေးရွာ စလင်းတညောင် ဆိပ်ဖြူမိုင်တိုင်အမှတ် (၅၃/၃)မှ(၅၃/ဝ)ကြား ကားလမ်းမပေါ်တွင် အမြင့်ပေ(၃)ပေခွဲခန့် လမ်းအရှည် (၁၀၀)ပေအတွင်းနှင့် တညောင်ကျေးရွာအုပ်စု၊ တပ်ကုန်းကျေးရွာအနီး မိုင်တိုင်အမှတ် (၆၁/၅)မှ(၆၁/၇)ကြားတို့တွင် အမြင့်ပေ(၃)ပေခန့် ချောင်းရေပြင်အကျယ်(၂၀၀)ပေအတွင်း၊ နွယ်တမယ်ကျေးရွာအနီး တောင်ကျချောင်းရေ ကျဆင်းမှုများကြောင့် ခေတ္တလမ်းပြတ်တောက် ခရီးသွားများနှင့် ပြည်သူများလမ်းပန်းဆက်သွယ်မှု ခေတ္တပြတ်တောက်မှုဖြစ်ပေါ်ခဲ့ပြီး နံနက် ၁၂ နာရီ ၃၀ မိနစ်ခန့်တွင် ချောင်းရေပြန်လည်ကျဆင်သွားသဖြင့် လမ်းပန်းဆက်သွယ်မှု ပြန်လည်ကောင်းမွန်လာ၍ မော်တော်ယာဉ်ကားကြီးများနှင့် ကုန်တင်ယာဉ်များ ဖြတ်သန်းသွားလာနေပြီဖြစ်ကြောင်းနှင့် ချောင်ရေတိုးလာမှုကြောင့် လူနှင့်တိရိစ္ဆာန်များ ထိခိုက်မှုးမရှိကြောင်း သိရှိရသည်။
မောင်လွင် (စလင်း)
#MyanmarNationalPost
No comments:
Post a Comment