မိုင်းရှူးမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် လုပ်ငန်းဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ညှိနှိုင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မိုင်းရှူးမြို့နယ်တွင် ပန်းခင်းစီမံချက်(၂)ဖြင့် လုပ်ငန်းဆောင်ရွက်ပေးနေမှုများကို တာဝန်ရှိသူများက သွားရောက်ကြည့်ရှု ညှိနှိုင်းဆောင်ရွက်


MNP ၊  စက်တင်ဘာ  ၂၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးထွန်းမြင့်ဝင်းနှင့် ဝန်ထမ်းများက ပန်းခင်းစီမံချက်(၂)ဖြင့် ဝမ်လွိုင်ကျေးရွာအုပ်စုမှ ရွာသူ၊ ရွာသားများအား နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့် လဲလှယ်ပေးခြင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားရှိပြီးသူများအား (Biometric)အချက်အလက်စာရင်းကောက်ယူခြင်းလုပ်ငန်းများကို ယနေ့နံနက်(၁၁)နာရီက မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။


အဆိုပါ ဆောင်ရွက်ပေးနေမှုများကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်လွင်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုညှိနှိုင်းဆောင်ပေးခဲ့ကြောင်း သိရသည်။


သန်းလူ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)