ရွှေတောင်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ဆန်၊ဆီ များရောင်းချ - MyanmarNationalPost

.com/img/a/

News Agency

demo-image

ရွှေတောင်မြို့နယ်တွင် ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ဆန်၊ဆီ များရောင်းချ

35

36

37

38


MNP ၊  စက်တင်ဘာ  ၆

ပဲခူးတိုင်းဒေသကြီး၊ပြည်ခရိုင်၊ရွှေတောင်မြို့နယ် ကြာနီကန်ရပ်ကွက်၊ယွန်းတန်းရပ်ကွက် ၊သရက်တောရပ်ကွက်နှင့် နွားမယံကျေးရွာအုပ်စု တို့တွင် ယမန်နံနက်ပိုင်းကကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ဆန်၊ဆီ များရောင်းချပေးခဲ့ကြောင်းသိရသည်။


ထိုသို့ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးဟံဝင်းအောင်၏ ကြီးကြပ်မှုဖြင့် ရွှေတောင်မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီမှ ဆန် ( ၁) ပြည်လျှင် ( ၂၅၀၀)ကျပ်နှုန်းဖြင့် ဆန်အိတ်( ၄၀) အိတ်၊ ဆီ( ၁) ပိဿာလျှင် ( ၄၄၀၀)ကျပ်နှုန်းဖြင့် ( ၃၀၀)ပိဿာတို့ကိုရောင်းချပေးခဲ့သည်။


အဆိုပါ ဆန်၊ဆီရောင်းချပေးခဲ့သည့်နေရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ရွှေတောင်မြို့နယ်ကုန်စျေးနှုန်းတည်ငြိမ်ကျဆင်းရေးနှင့် ထုတ်ကုန်တိုးမြှင့်ရောင်းချရေး ကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများ ၊မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊သက်ဆိုင်ရာရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့်အဖွဲ့ဝင်များက ဒေသခံပြည်သူများ ကိုစနစ်တကျ ရောင်းချပေးခဲ့ကြောင်းသိရသည်။


ကိုကိုမင်း 

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages