ရပ်စောက်၌ အရန်မီးသတ်ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်လှစ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရပ်စောက်၌ အရန်မီးသတ်ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၃)ဖွင့်လှစ်



MNP ၊  စက်တင်ဘာ ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ရပ်စောက်မြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ယမန်နေ့နံနက် ၁၀ နာရီက ရပ်စောက်မြို့နယ်မီးသတ်ဦးစီး မှူးရုံးခန်းမ၌ ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။


ဦးစွာ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် ရပ်စောက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူးထွန်းထွန်းဦးမှ သင်တန်းဖွင့်အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဖြိုးမင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ပြောကြားရာတွင် မီးဘေးနှင့်သဘာဝဘေးများကျရောက် လာပါက အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်ရန်အတွက် မွမ်းမံသင်တန်းအမှတ်စဉ်(၁/၂၀၂၃)ကို ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။


၎င်းနောက် တာဝန်ရှိသူများက သင်တန်းသားများအတွက် အရန်မီးသတ်တူညီဝတ်စုံများကိုပေးအပ်ခဲ့ပြီး အခမ်းအနားသို့ ရပ်စောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အဆင့်သင်တန်းကြီးကြပ်ကွပ်ကဲမှုအဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ သင်တန်းသားများ တက်ရောက်ခဲ့ကြသည်။


အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်းကို သင်တန်းသား(၅၀)ဖြင့် စက်တင်ဘာ ၄ ရက်မှ ၂၉ ရက်နေ့အထိ ရက်သတ္တပတ်(၄)ပတ်ကြာဖွင့်လှစ်သွားမည်ဖြစ်ကြောင်း  မြို့နယ်မီးသတ်ဦးစီးမှူးထံမှ သိရသည်။


ဆုမွန်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)