MNP ၊ စက်တင်ဘာ ၅
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ်တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပခဲ့သည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးမြင့်ဝေမှ သင်တန်းဖွင့်ပွဲ အမှာစကားပြောကြားခဲ့ပြီး အရန်မီးသတ်တူညီဝတ်စုံများကို ဒုတပ်ရင်းမှူး ဦးစိုင်းထွန်းဆာအား ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ သင်တန်းကာလအဖြစ် (၄)ပတ်ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ပြီး သင်တန်းသား(၅၀)ဦးခန့် တက်ရောက်သင်ကြားခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment