ပုဗ္ဗသီရိမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပုဗ္ဗသီရိမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း (၁/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ





MNP ၊  စက်တင်ဘာ ၅

နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရခရိုင်၊ ပုဗ္ဗသီရိမြိုနယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး (မွမ်းမံ)သင်တန်း(၁/၂၀၂၃)သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁နာရီအချိန်က ပုဗ္ဗသီရိမြို့နယ် မီးသတ်ဦးစီးဌာနရုံးတွင် ကျင်းပခဲ့သည်။


အခမ်းအနားတွင် ဥတ္တရသီမြို့နယ်စီမံအုပ်အချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်က အဖွင့်အမှာစကားပြောကြားရာ မီးသတ်တပ်ဖွဲ့ဝင်များရဲ့ ရည်မှန်းချက် တာဝန်(၄)ရပ်ဖြစ်တဲ့ မီးဘေးလုံခြုံရေး၊ သဘာဝဘေးအန္တရာယ်ကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေး၊ ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အခြေခံမီးသတ်ပညာရပ်များ၊ ရှာဖွေကယ်ဆယ်ရေးနည်းစနစ်များ ကျွမ်းကျင်ပြီး အရည်အသွေးတိုးတက်ပြည့်ဝစေရေး၊ ခေတ်မီမီးသတ်ပစ္စည်းကိရိယာများ၊ ခေတ်မီရှာဖွေကယ်ဆယ်ရေးပစ္စည်းကိရိယာများကို စနစ်တကျကိုင်တွယ် အသုံးပြုတတ်ရေးအတွက် ပူးပေါင်းဆောင်ရွက်နိုင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ ဖြစ်လာစေရေး ပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းသို့ သင်တန်းသား ၃၅ ဦး တက်ရောက်သင်ကြားသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ စက်တင်ဘာလ ၄ ရက်နေ့မှ ၂၉ ရက်နေ့အထိ သင်တန်းနည်းပြအရာရှိ ၂ ဦး၊ အခြားအဆင့် ၃ ဦးဖြင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


သန်းသန်းနွယ်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)