တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌတက်ရောက်

131

132

133

134


MNP ၊  စက်တင်ဘာ  ၁၂

“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးညီနပ်သည် ယမန်နေ့နံနက် ၁၀ နာရီအချိန်က “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းစီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ တွင်ပြုလုပ်သည့် တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို တက်ရောက်ခဲ့သည်။


 အစည်းအဝေးတွင် ဥက္ကဌက နိုင်ငံတော်အကြီးအကဲ၏ လားရှိုးခရီးစဉ်လမ်းညွှန်မှာ ကြားချက်များကို ထပ်ဆင့်ရှင်းလင်းရခြင်းဖြစ်ကြောင်း၊ ဒေသအလိုက် MSME လုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်လိုအပ်ကြောင်း၊ ဒေသဝမ်းစာဖူလုံရေးအတွက် စိုက်ပျိုးရေး/မွေးမြူရေးလုပ်ငန်းများကို အလေးထားဆောင်ရွက်ရန်၊ ကုန်ဈေးနှုန်းကျဆင်းရေးကြပ်မတ် ဆောင်ရွက်ရန်၊ မြို့ရွာ သန့်ရှင်းသာယာလှပရေး၊ လုံခြုံရေးအတွက် မြို့ဝင်မြို့ထွက်ဂိတ်အား စစ်ဆေးကြပ်မတ်ရန် ၊ ပန်လုံမြို့မီးဖွင့်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရှိရန် မှာကြားခဲ့သည်။


 ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်စိုးတင့်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဌ ဦးရဲဝင်းထိုက်နှင့် ဌာနဆိုင်ရာများက ကဏ္ဍအလိုက် လုပ်ငန်းများဆောင်ရွက်ထားရှိမှု အခြေအနေကို တင်ပြရာ ဥက္ကဌက လိုအပ်ချက်များကို ညှိနှိုင်းပေါင်းစပ်ပေးသည်။


  အဆိုပါ အစည်းအဝေးသို့ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ တိုင်း / ခရိုင်/ မြို့နယ်ဌာနဆိုင်ရာများ တက်ရောက် ခဲ့ကြကြောင်းသိရသည်။


https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages