MNP ၊ စက်တင်ဘာ ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများအနေဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြပြီး ယာမြေနှင့်ကိုင်းကျွန်းမြေများတွင် နေ့စဉ်ဝင်ငွေရရှိသော ဆူးပုတ်၊ ချဉ်ပေါင်၊ ကြက်သွန်မိတ်၊ ပင်စိမ်း၊ ဆလပ်၊ ဘူး၊ ငရုပ်၊ ကြက်ဟင်းခါး၊ တိုင်ထောင်ပဲတောင့်ရှည်၊ ခရမ်း စသည့်ကုန်စိမ်းသီးနှံများ စိုက်ပျိုးရောင်းချလျက်ရှိရာ ရန်ပုံနှစ်ကျေးရွာ၌ စိုက်ပျိုးထားသော ကန်စွန်း စိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
ကန်စွန်းစိုက်ပျိုးသော တောင်သူများအနေဖြင့် ဈေးကွက်အနေအထားအပေါ်မူတည်၍ အပင်ကျဲ စိုက်ပျိုးခြင်းနှင့် အပင်စိပ်စိုက်ပျိုးခြင်းဟူ၍ (၂)မျိုးစိုက်ပျိုးကြကြောင်း ရေကြိုက်နှစ်သက်သဖြင့် မြေဘောင်များပြုလုပ်ကာမြေခံအဖြစ် သဘာဝမြေဩဇာနွားချေးများ ထည့် သွင်းကာ မြေပြင်ပြီး တစ်ပင်နှင့်တစ်ပင် (၅)လက်မခန့်ခြားပြီး အတန်းလိုက်စိုက်ပျိုးရကြောင်း သိရသည်။
ကန်စွန်းသီးနှံသည် စိုက်ပျိုးပြီးရက်ပေါင်း(၄၀)ကျော်တွင် စတင်ခူးဆွတ်ရောင်းချရကြောင်း၊ ရောင်းချရာတွင် ကန်စွန်းအညွှန့်သန်မာမှုအပေါ်မူတည်ပြီး အညွှန့်(၅)ညွှန့်မှ(၈)ညွှန့်အထိ အစည်းများစည်းပြီး ရောင်းချကြောင်း ကုန်ကျစရိတ်အနေဖြင့် ကန်စွန်းတစ်(၁)ဧကတွင် သွင်းအားစုနှင့်မြေအမျိုးအစားအပေါ်မူတည်၍ ငွေကျပ်(၂)သိန်းမှ(၃)သိန်းအထိ ကုန်ကျကြောင်း ကန်စွန်းသီးနှံသည် မိသားစု တစ်နိုင်တစ်ပိုင် စိုက်ပျိုးနိုင်ပြီး နေစဉ်ခူးဆွတ်ရောင်းချရသဖြင့် တောင်သူများအနေဖြင့် စိုက်ပျိုးသင့်သော သီးနှံတစ်မျိုးဖြစ်ကြောင်း သိရသည်။
သက်မောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment