သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ်အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်၌ လူငယ်သီတင်းပတ်အထိမ်းအမှတ် စာပေဟောပြောပွဲကျင်းပ

149

150


MNP ၊  စက်တင်ဘာ  ၆

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် သင်္ဃန်းကျွန်းမြို့နယ်ရှိ သင်္ကန်းကျွန်းပညာရေး ဒီဂရီကောလိပ်၌ ယနေ့နံနက်(၁၀)နာရီအချိန်က လူငယ်သီတင်းပတ်အထိမ်းအမှတ် စာပေ ဟောပြောပွဲအခမ်းအနားကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ သင်္ဃန်းကျွန်းမြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဆရာအတတ်ပညာဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ သင်္ကန်းကျွန်းပညာရေးဒီဂရီ ကောလိပ်မှ ကျောင်းအုပ်ကြီးနှင့် ဆရာ/ဆရာမများ၊ ကျောင်းသား/သူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။


ရှေးဦးစွာ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဟောပြောပေးမည့် စာရေး ဆရာကြီးကောင်းသန့်၏ အတ္ထုပ္ပတ္တိကို အခမ်းအနားမှူးက ဖတ်ကြားခဲ့ပြီး စာရေးဆရာကြီး ကောင်းသန့်က “ လူငယ်များအတွက်ရှေးရှုပေး ဗလငါးတန်ဖွံ့ဖြိုးရေး ” ကဏ္ဍအတွက် “ ဆရာနှင့် ပြည်သူ့နီတိ ” ခေါင်းစဉ်ဖြင့် ဟောပြောဆွေးနွေးခဲ့သည်။ ထို့နောက် အသိပညာပေးဟောပြောခဲ့သည့် စာရေးဆရာကြီးကောင်းသန့်အား သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီး ဒေါက်တာငြိမ်းသီအောင်က ဂါရဝပြုလက်ဆောင် ပြန်လည်ပေးအပ်ခဲ့သည်။


နိုင်ငံတစ်ဝှမ်းလုံးရှိ လူငယ်လူရွယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အဆိုပါ လူငယ်သီတင်းပတ်ပွဲတော်များကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ တက္ကသိုလ်/ဒီဂရီ ကောလိပ်များ၌ ကျင်းပပြုလုပ်လျက်ရှိပြီး သင်္ကန်းကျွန်းပညာရေးဒီဂရီကောလိပ်တွင်လည်း ၂၀၂၃-ခုနှစ် စက်တင်ဘာလ(၄)ရက်နေ့မှ စက်တင်ဘာလ(၆)ရက်နေ့အထိ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ဖျော်ဖြေရေး အစီအစဉ် များ၊ အသိပညာပေးပြခန်းများ၊ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများနှင့် စာပေဟောပြောပွဲများကိုလည်း ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။ 


နိုင်လင်းအောင်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages