မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက် - MyanmarNationalPost

.com/img/a/

News Agency

demo-image

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားသို့ တက်ရောက်

035-01

036

037

038

039


MNP ၊ စက်တင်ဘာ ၂၁

၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို စက်တင်ဘာလ  ၁၉ ရက်နေ့ နံနက် ၈ နာရီက တိုင်းဒေသကြီး မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများ၊ တရားသူကြီးချုပ်၊ ဥပဒေချုပ်နှင့် တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များ၊ အားကစား ဝါသနာရှင်များနှင့် ပြိုင်ပွဲဝင် ကစားသမားများ  တက်ရောက်ခဲ့ကြသည်။


၂၀၂၃ ခုနှစ်၊ မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲကို တိုင်းဒေသကြီး မိုးလုံ လေလုံအားကစားခန်းမ၌ (၁၃.၉.၂၀၂၃) ရက်နေ့မှ (၁၉.၉.၂၀၂၃)ရက်နေ့အထိ ယှဉ်ပြိုင်ကျင်းပခဲ့ရာ မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ  ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် တောင်တွင်းကြီးမြို့နယ်အသင်းနှင့် စလင်းမြို့နယ်အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများ ကြည့်ရှုအားပေးကာ ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပခဲ့သည်။

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံးစပေးဘောဆုကို ချောက်ခရိုင်မှ မသံဇဉ်ရွှန်းလဲ့၊ အကောင်းဆုံးဆယ်မဆုကို ချောက်ခရိုင်မှ မအိရတနာဝင်း၊ အကောင်းဆုံးရိုက်ခုတ်ဆုကို မကွေးခရိုင်မှ မသန္တာလင်း၊ အကောင်းဆုံးပင့်ထောင်ဆုကို ချောက်ခရိုင်မှ မထက်သီရိလင်းနှင့် အကောင်းဆုံးအားကစားသမားဆုကို ချောက်ခရိုင်မှ မအိရတနာဝင်းတို့က ရရှိခဲ့ကြပြီး၊ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ ပထဆုကို ချောက်ခရိုင် အမျိုးသမီးအသင်းနှင့် ဒုတိယဆုကို မကွေးခရိုင် အမျိုးသမီးအသင်းတို့ရရှိကာ၊ ဆုရရှိသူများအား တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးအမျိုးသမီးအားကစားအဖွဲ့ နာယက ဒေါ်ဝင်းဝင်းမြင့်နှင့် အဖွဲဝင်များက ဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြသည်။


မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် အကောင်းဆုံးပိတ်ဆို့ဆုကို စလင်းမြို့နယ် အမျိုးသားဘော်လီဘောအသင်းမှ မောင်လှမင်းထက်၊ အကောင်းဆုံးစပေးဘောဆုကို မင်းဘူးမြို့နယ်အသင်းမှ မောင်သန်းဇော်လင်း၊ အကောင်းဆုံးဆယ်မဆုကို စလင်းမြို့နယ်အသင်းမှ မောင်ခန့်ဖော်ဝင်း၊ အကောင်းဆုံးရိုက်ခုတ်ဆုကို ချောက်မြို့နယ်အသင်းမှ မောင်လွင်မိုးဦး၊ အကောင်းဆုံး ပင့်ထောင်ဆုကို တောင်တွင်းကြီးမြို့နယ်အသင်းမှ မောင်ကျော်ဖြိုးဝေနှင့် အကောင်းဆုံးအားကစားသမားဆုကို တောင်တွင်းကြီးမြို့နယ်မှ မောင်ရဲမင်းပိုင်တို့က ရရှိခဲ့ကြပြီး၊ မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲ ပထမဆုကို တောင်တွင်းကြီးမြို့နယ် အမျိုးသား ဘော်လီဘောအသင်း၊ ဒုတိယဆုကို စလင်းမြို့နယ်အသင်းနှင့် တတိယဆုကို ချောက်မြို့နယ်အသင်းတို့က ရရှိကာ ဆုရရှိသူများအား တစ်ဦးချင်း ဆွဲပြား၊ ဆုကလပ်နှင့် ငွေသားဆုများကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင် ဝန်ကြီးများက ဆုများအသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။


အဆိုပါ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်ဖလား ခရိုင်ပေါင်းစုံ အမျိုးသမီးဘော်လီဘောပြိုင်ပွဲ နှင့် မြို့နယ်ပေါင်းစုံ အမျိုးသားဘော်လီဘောပြိုင်ပွဲတွင် ပထဆုရရှိသော အသင်းများအား ငွေသားဆုအဖြစ် ငွေကျပ်(၇၀၀၀၀ဝိ/-၊ ဒုတိယဆုရရှိသော အသင်းများကို ငွေကျပ်(၅၀၀၀၀ဝိ/-)တတိယဆုရရှိသော အသင်းအား ငွေကျပ် (၂၀၀၀၀ဝိ/-)နှင့် တစ်ဦးချင်း အကောင်းဆုံး ဆုရရှိကြသူများအား ငွေကျပ်(၅၀၀၀ဝိ/-)စီ ကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages