ရန်ကင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရန်ကင်းမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

50


MNP ၊  စက်တင်ဘာ  ၃၀

နိုင်ငံတော်အတွက် ထူးချွန်ထက်မြက်သော အနာဂတ်မျိုးဆက်သစ် လူငယ်၊ လူရွယ်များပေါ်ထွန်းလာစေရန်၊ အသိပညာဗဟုသုတပြည့်စုံစေရန်၊ ဗလငါးတန်ဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်၊  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူငယ်ရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော "လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ"ကို စက်တာဘာလ ၂၈ ရက်နေ့ မွန်းလွဲ (၁)နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းသီရိရတနာခန်းမ၌ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ရန်ကင်းမြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးမောင်မောင်လွင်က အဖွင့်အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာကောင်းမွန်ရေးကို အလေးထားကြိုးစားကြစေလိုကြောင်း၊ ပညာတတ် လူတော်၊ လူကောင်းများ ပေါ်ထွန်းလာမှသာ ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်နိုင်မှာဖြစ်ကြောင်း စသည်ဖြင့် ပြောကြားခဲ့ပြီးနောက်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်လှလှထွေးက "လူငယ်တွေအတွက် အောင်မြင်ရေးနည်းလမ်း(သို့)ဗလငါးတန်ဖွံဖြိုးရေး”ခေါင်းစဥ်ဖြင့် အသိပညာပေး ဟောပြောခဲ့သည်။


ဆက်လက်၍ လူငယ်ရေးရာဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးအေးချိုတူးက “လူငယ် ရေးရာအကြောင်း သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ရာ အားကစားဆိုသည်မှာ ခွန်အားနှင့် ဉာဏ်ရည်ကို အသုံးချကာ ယှဥ်ပြိုင်ရခြင်းဖြစ်ကြောင်း၊ အားကစား(၄)မျိုးရှိပြီး ယှဥ်ပြိုင်အားကစား၊ ရိုးရာအားကစား၊ အပန်းဖြေအားကစားနှင့် လူထုအားကစားတို့ဖြစ်ကြောင်း၊ ကာယပညာသင်ကြားရခြင်း ရည်ရွယ်ချက်မှာ အနာဂတ်မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်စေရန်ဖြစ်ကြောင်း ရှင်းလင်းဟောပြောခဲ့ပြီးနောက် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့၀င် ဦးမြင့်မောင်က ပညာသင်ယူခြင်း အနုပညာခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီး ဆွေးနွေးဟောပြောခဲ့သည်။


အဆိုပါဟောပြောပွဲသို့ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ၀န်ထမ်းများ၊ လူငယ်ရေးရာဦးစီးဌာနမှ တာဝန်ရှိသူများ၊ Book Club အဖွဲ့၀င် များ၊  အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း (၂၀၀) ဦးခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများက ဟောပြောပွဲအပြီးတွင် ခင်းကျင်းပြသထားသော အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်များကို စိတ်ပါဝင်စားစွာ ကြည့်ရူလေ့လာခဲ့ကြောင်း သတင်းရရှိသည်။


လှလှထွေး

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages