နတ်တလင်းမြို့၌ စားအုန်းဆီများအား သတ်မှတ်ညွှန်ကြားချက်စျေးနှုန်းနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နတ်တလင်းမြို့၌ စားအုန်းဆီများအား သတ်မှတ်ညွှန်ကြားချက်စျေးနှုန်းနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး



MNP ၊  စက်တင်ဘာ ၄

ပဲခူးတိုင်းဒေသကြီးကုန်စျေးနှုန်းတည်ငြိမ်ရေးလုပ်ငန်းအဖွဲ့၏ သတ်မှတ်ညွှန်ကြားချက်စျေးနှုန်းအတိုင်း နတ်တလင်းခရိုင်၊ နတ်တလင်းမြို့တွင် စားအုန်းဆီတင်သွင်းသည့်ကုမ္ပဏီများမှ လက်ကားကုန်သည်များသို့ထုတ်ပေးခဲ့သည့် စားအုန်းဆီများကို သတ်မှတ်စျေးနှုန်းနှင့်အညီ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းကဆောင်ရွက်ခဲ့သည်။


အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ နတ်တလင်းခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ ခရိုင်ဦးစီးမှူးဦးအောင်သိန်း၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံဒေါ်အေးအေးဆွေနှင့်ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ဦးစီးအရာရှိဦးဇော်ဝင်းနောင်နှင့်ဝန်ထမ်းများ၊ မြို့ပေါ်(၄)ရပ်ကွက်မှ အုပ်ချုပ်ရေးမှူးများပူးပေါင်း၍ လက်ကားရောင်းချသည့် စားအုန်းဆီကုန်သည်များအား ရန်ကုန်အထိုင်စျေး ရည်ညွှန်းလက်ကားစျေးနှုန်းအပေါ် သယ်ယူပို့ဆောင်ခကုန်ကျစရိတ်များ ထပ်ပေါင်း၍ ၂ ရာခိုင်နှုန်းအမြတ်ထပ် မပိုသောစျေးနှုန်းဖြင့် စျေးကွက်အတွင်းသို့ ပြန်လည်ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ဝေယံဖြိုး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)