MNP ၊ စက်တင်ဘာ ၁၃
မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် သတင်းအရ ဩဂုတ်လ ၂၂ ရက်နေ့ နံနက် ၆ နာရီခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ်၊ စော်ဘွားကြီးကုန်းရပ်ကွက်၊ ရန်ကုန်-ပြည်လမ်းတွင် စိုးလွင် (ခ)နူရွတ် နှင့် ချစ်ဝင်းကိုကို(ခ)နေဇာ တို့ ၂ ဦးအား ဒေသကာလတန်ဖိုးငွေကျပ်သိန်း ၉၀၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြား ၉ သိန်းနှင့်အတူ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
စစ်ဆေးဖော်ထုတ်ချက်အရ သိမ်းဆည်းရမိ စိတ်ကြွရူးသွပ်ဆေးပြားများ သယ်ဆောင်ရောင်းဝယ်သူ မနန်းစင်လျှန်း အားတာမွေမြို့နယ်၊ အိုးရှင်းစင်တာတွင် ဆက်လက်ဖမ်းဆီးရမိခဲ့သဖြင့် ၎င်းတို့အားဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား စုံစမ်းဖော်ထုတ်လျက်ရှိကြောင်း သိရသည်။
အလားတူ တန့်ယန်းမြို့၊ သာစည်မြို့နယ်တို့တွင်လည်း မူးယစ်ဆေးဝါး ဖမ်းဆီးရမိမှုများ ရှိခဲ့သည်။
#MyanmarNationalPost
No comments:
Post a Comment