MNP ၊ စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးဌာနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများပါဝင်သည့် တာဝန်ရှိသူအဖွဲ့သည် မိုင်းရယ်မြို့နယ်တွင် စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ဈေးကွက်အတွင်း စားသုံးဆီပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် လွယ်လင့်တကူဝယ်ယူရရှိနိုင်ရေးအတွက် ယနေ့နံနက် ၉ နာရီမှစ၍ အမှတ်(၁)ရပ်ကွက်ရှိ စားသုံးဆီအရောင်းဆိုင်(၃)ဆိုင်တွင် စစ်ဆေးခဲ့ကြသည်။
ထိုသို့စစ်ဆေးရာ၌ မိုင်းရယ်မြို့နယ်တွင် စားအုန်းဆီတင်သွင်းဖြန့်ချိသော လုပ်ငန်းများ၊ ကုမ္ပဏီများ၊ ကိုယ်စားလှယ်များမရှိဘဲ အသင့်ထည့်ပြီး ပဲဆီ၊ နေကြာဆီ၊ ပုဇွန်ဆီများသာ ရောင်းချလျက်ရှိကြောင်းတွေ့ရှိရပြီး စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရေး၊ ဈေးကွက်အတွင်း ပြတ်လပ်မှုမဖြစ်ပေါ်စေရေးနှင့် လွယ်လင့်တကူဝယ်ယူရရှိနိုင်ရေး၊ စားသုံးသူ (End User) များ ဝယ်ယူသည့်အချိန်ထိ ဈေးနှုန်းကြီးမြင့်မှု မဖြစ်ပေါ်စေရေးတို့အတွက် ကွင်းဆင်းကြပ်မတ်စစ်ဆေးခဲ့ကြောင်း သတင်းရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment