ကော့သောင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ ယာဉ်မောင်း(မွမ်းမံ)သင်တန်းဖွင့်ပွဲပြုလုပ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့သောင်းမြို့တွင် မီးသတ်ဦးစီးဌာနမှ ယာဉ်မောင်း(မွမ်းမံ)သင်တန်းဖွင့်ပွဲပြုလုပ်




MNP ၊  စက်တင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ ကော့သောင်းခရိုင် မီးသတ်ဦးစီးဌာနမှကျင်းပသောယာဉ်မောင်း (မွမ်းမံ)သင်တန်းအမှတ်စဉ် (၄/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက ခရိုင်မီးသတ်ဦးစီးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ် စီမံအုပ်ချုပ်‎ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများတက်‎ရောက်ခဲ့ကြသည်။


အဆိုပါဖွင့်ပွဲအခမ်းနားတွင် ကော့သောင်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးစိုးအောင်မှ သင်တန်းဖွင့်မိန်ခွန်းပြောကြားရာ“ခရိုင်/မြို့နယ်အသီးသီးတွင် လက်ရှိအသုံးပြုလျက်ရှိသည့် မီးသတ်ယာဉ်အမျိုးမျိုးကို ထပ်မံတာဝန်ချထားနိုင်ရန်နှင့် မီးသတ်ယာဉ်/စက်များ ကိုင်တွယ် မောင်းနှင်ရာတွင်ယာဉ်မောင်းသူ တစ်ဦးအနေဖြင့်ရေ၏အလေးချိန်၊ ဖိအားနဲ့လှုပ်ရှားမှု သဘောတရားများကို နားလည်သိရှိပြီး ဥပဒေ၊ နည်းဥပဒေ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများနှင့်အညီ စနစ်တကျမောင်းနှင်နိုင်စေရန် ယာဉ်မောင်းသင်တန်းတက်ရောက်ပြီး တပ်ဖွဲ့ဝင် များအား စာတွေ့/လက်တွေ့ (မွမ်းမံ)သင်ကြားပေးမည် ဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့၏ တာဝန်ကြီး(၄)ရပ်ဖြစ်သည့် မီးဘေးလုံခြုံရေး၊သဘာဝဘေးအန္တရာယ် ကာကွယ်ရေး၊ ရှာဖွေ ကယ်ဆယ်ရေးနှင့် ပြည်သူ့အကျိုးပြုလုပ်ငန်းဆောင်ရွက်ရေးဆိုသည့် ရည်မှန်းချက်တာဝန် များကိုအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သင်တန်းသားများအနေဖြင့် သင်တန်းမှချမှတ်ထားသည့် စည်းမျဉ်း၊ စည်းကမ်း၊ အမိန့်နှင့်ညွှန်ကြားချက်များနှင့် အညီလိုက်နာဆောင်ရွက်ပြီး ယခုဖွင့်လှစ်သော ယာဉ်မောင်း (မွမ်းမံ) သင်တန်းကိုကြိုးစား လေ့ကျင့်သင်ယူသွားကြရန်” မိန့်ခွန်းပြောကြားခဲ့သည်။ ယင်းနောက်ခရိုင်မီးသတ်ဦးစီးမှူး ဦးမျိူးသူရဝင်းမှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။


အဆိုပါ ယာဉ်မောင်း(မွမ်းမံ)သင်တန်းတွင်လက်တွေ့ယာဉ်မောင်းနှင်ခြင်း၊ ယာဉ်တစ်စီး၏ အခြေခံဖြစ်သော အင်ဂျင်အလုပ်လုပ်ကိုင်ပုံ၊ အင်ဂျင်အမျိုးအစားနဲ့ အဓိကအစိတ်အပိုင်းများ၊ ဆီထောက်ပံ့မှုစနစ်များ၊ ချောဆီပေးပို့မှု စနစ်များကလပ်နှင့်ဘရိတ်အလုပ်လုပ်ပုံ  ရေစုပ် ရေပက်ခြင်းသင်ခန်းစာများစသည့် မီးသတ်ယာဉ်နှင့်သက်ဆိုင်သည့်သင်ခန်းစာများကို ပိုမိုကျွမ်းကျင်အောင် သန္ဓေမီးသတ်တပ်ဖွဲ့မှ သင်တန်းသား(၁၀)ဦးအား ရက်သတ္တပတ်(၂)ပတ် ခန့် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)