MNP ၊ စက်တင်ဘာ ၈
ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၉နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးကျန်အေးက နယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးကို အထူးဂရုပြုဆောင်ရွက်ကြရန်၊ မိမိတို့ရုံးလုံခြုံရေးကိုလည်း အထူးဂရုပြုကြရန်၊ နိုင်ငံ့စီးပွါးဖွံ့ဖြိုးတိုးတက်ရေးအတွက် ဌာနဆိုင်ရာအသီးသီးမှ ချေးငွေလုပ်ငန်းကြီးကြပ်ရေးကော်မတီဝင်များအနေဖြင့် ဆောင်ရွက်ကြရမည့် ကိစ္စရပ်များ၊ အခြေခံပညာစာသင်ကျောင်းများအား ကျောင်းဥပဓိရုပ် ကောင်းမွန်စေရေး၊ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေးစနစ်တကျ ဆောင်ရွက်ထားရှိကြရန်၊ အပတ်စဥ်စနေနေ့တိုင်း မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများအနေဖြင့် မပျက်မကွက်လာရောက်ကြရန်နှင့် မိမိတို့ရုံးအဆောက်အအုံ အတွင်း အပြင် သန့်ရှင်းသာယာလှပရေနှင့် ရုံးဥပဓိရုပ်ကောင်းမွန်စေရေး ဆောင်ရွက်ထားရှိကြရန်၊ မြို့နယ်လူမှုအကျိုးပြုဆောင်ရွက်ရေး ကိစ္စရပ်များ၊ ဌာနဆိုင်ရာ အကြီးအကဲများအနေဖြင့် မိမိတို့ဌာနလုပ်ငန်းဆောင်ရွက်မှုများအား ရှင်းလင်းတင်ပြပေးကြရန်ဆွေးနွေးပြောကြားသည်။ ယင်းနောက်မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာ ကိုကိုအောင် ကမြို့နယ်အတွင်း ကျောင်းအခြေပြု သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးထိုးနှံရေးကိစ္စရပ်များနှင့်ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာများက လက်ရှိလုပ်ငန်းဆောင်ရွက်နေမှုများ၊လိုအပ်ချက်များအားဆွေးနွေးတင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
https://t.me/MyanmarNationalPost
No comments:
Post a Comment