သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲကျင်းပ

49

50

51

52

53


MNP ၊  စက်တင်ဘာ  ၁၁

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍  ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပသည်။


ပြိုင်ပွဲကျင်းပရာတွင် ယခုနှစ် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်ဖြစ်သည့် “ရာသီဥတု‌ပြောင်းလဲမှု‌လျှော့ချ‌ရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး” ခေါင်းစဉ်ဖြင့် ကျင်းပရာ သထုံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အလယ်တန်းဆင့် ကျောင်းသားကျောင်းသူ ၂၄ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ကြပြီး ကျောင်းသားကျောင်းသူများ ယှဉ်ပြိုင်နေမှုကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး ဦးဟိန်းလင်းစိုးနှင့် တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့သည်။


ကျောင်းသားကျောင်းသူများအနေဖြင့် ကမ္ဘာ့အိုဇုန်းလွှာ ပျက်စီးလာရခြင်းအ‌ကြောင်းရင်းများနှင့်အတူ ရာသီဥတုပြောင်းလဲဖောက်ပြန်လာမှုများကြောင့် လူသားတို့အပေါ်ကျရောက်လာသည့် သဘာဝဘေးအမျိုးမျိုးတို့ကို သိရှိပြီး အိုဇုန်းလွှာထိမ်းသိမ်းရေးဆိုင်ရာများကို ပူးပေါင်းဆောင်ရွက်တတ်စေရန်ရည်ရွယ်ကာ ပြိုင်ပွဲကို ကျင်းပပေးခြင်းဖြစ်ကြောင်း၊ ပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသားကျောင်းသူများကို လာမည့် စက်တင်ဘာလ(၁၆)ရက်နေ့၌ ကျင်းပမည့် မြို့နယ်အဆင့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြင့်သွားမည် ဖြစ်ကြောင်း ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ သိရသည်။


https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages