ကျောက်ဖြူမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

demo-image

ကျောက်ဖြူမြို့တွင် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ် အခမ်းအနားပြုလုပ်

84

85

86

87

88

89

90


MNP ၊  စက်တင်ဘာ  ၁၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနား ကို ယနေ့ နံနက်(၉)နာရီက ကျောက်ဖြူခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနရုံး အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ရာ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ခရိုင်/ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ အအေးပေးပစ္စည်းဆိုင်ရှင်များနှင့် Service လုပ်ငန်းရှင်များ တက်ရောက် ကြသည်။


အခမ်းအနားတွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးလွှမ်းမိုးထက်က စက်တင် ဘာလ(၁၆)ရက်နေ့သည် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ဖြစ်ကြောင်း၊ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့၏ ဆောင်ပုဒ်မှာ “Montreal Protocol:Fixing the Ozone layer and Reducing Climate Change" “ရာသီဥတုပြောင်းလဲမှု လျှော့ချရေး အိုဇုန်းလွှာထိန်းသိမ်းကာကွယ်ပေး"ဖြစ်ပါကြောင်း၊ ဒါ့အပြင် ယခု ၂၀၂၃ ခုနှစ်သည် အိုဇုန်းလွှာထိန်းသိမ်း ကာကွယ်ရေးအတွက် ကမ္ဘာ့နိုင်ငံများပူးပေါင်းဆောင်ရွက်ရန် ၁၉၈၅ ခုနှစ်တွင် ချုပ်ဆိုနိုင်ခဲ့သည့် အိုဇုန်းလွှာ ကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း(The Vienna Convention for the Protection of the Ozone layer)၏ (၃၈)နှစ် ပြည့်မြောက်သည့် ကာလလည်း ဖြစ်ကြောင်း၊ ယခုလို ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားကို ကျင်းပခြင်းအား ဖြင့် ဆက်စပ်ဌာနအဖွဲ့အစည်းများ၊ ပြည်သူလူထုများ၊ သက်ရှိများအတွက်သာမက နောင်အနာဂတ် မျိုးဆက်များအတွက်ပါ အရေးပါသည့် အိုဇုန်းလွှာထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေးများကို  ပူးပေါင်း ပါဝင်လာမှု အားကောင်းလာမည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားသည်။ 


ထို့နောက် အခမ်းအနားသို့တက်ရောက်လာသူများအား ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်း ရေးနေ့အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့လာသည့် သဝဏ်လွှာမိန့်ခွန်းဗီဒီယို၊ ကမ္ဘာ့ပတ်ဝန်းကျင် အစီအစဉ်အမှုဆောင်ညွှန်ကြားရေးမှူးထံမှ ပေးပို့လာ သော ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ သဝဏ်လွှာမိန့်ခွန်းဗီဒီယိုနှင့် ၂၀၂၃ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ် ပညာပေးဗီဒီယိုတို့အား ဖွင့်လှစ်ပြသပေးပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံများရိုက်ကူးကာ ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့ အသိပညာပေးလက်ကမ်းစာစောင်များနှင့် အမှတ်တရလက်ဆောင်ပစ္စည်းများအား ပေးအပ်ခဲ့ကြောင်း သိရသည်။


တင်ထွန်းဦး၊ ဖြိုးဝေလင်း

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages