MNP ၊ စက်တင်ဘာ ၂၆
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်း စားသုံးဆီဈေးနှုန်းတည်ငြိမ်မှုရှိစေရန် ရည်ရွယ်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများအဖွဲ့က မြို့နယ်ဆီလုပ်ငန်ရှင်းများအဖွဲ့နှင့် ပူးပေါင်းကာ ယမန်နေ့က ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာသို့ သွားရောက်ပြီး ဒေသခံပြည်သူများကို စားသုံးဆီတစ်ပိဿာ ငွေကျပ် ၄၈၀၀ နှုန်းဖြင့် ဈေးနှုန်းချိုသာစွာ ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
အဆိုပါ စားသုံးဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးခြင်းကို မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်နှင့် ဒေသတွင်း စားသုံးဆီဈေးနှုန်း တည်ငြိမ်မှုရှိစေရန်အတွက် စက်တင်ဘာ ၇ ရက်နေ့မှ စတင်ပြီး မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများသို့ သွားရောက်ကာ စားအုန်းဆီများကို ချိုသာသော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးခဲ့ကြောင်း သိရသည်။
ယမန်နေ့က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများက မြို့နယ်ဆီလုပ်ငန်းရှင်များအဖွဲ့မှ တာဝန်ရှိသူများနှင့်အတူ ပွင့်ဖြူမြို့နယ် ရှောက်တောကျေးရွာ ဦးအောင်မြင့်ကုန်စုံဆိုင်တွင် ယာယီအရောင်းဆိုင်ဖွင့်လှစ်ကာ အိမ်ထောင်စုတစ်စုလျှင် စားအုန်းဆီ ၅၀ ကျပ်သားနှုန်းဖြင့် စုစုပေါင်း စားအုန်းဆီပိဿာချိန် ၃၃၀ အား စနစ်တကျ ရောင်းချပေးခဲ့ကြောင်း သိရသည်။ ထိုသို့ ပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် စားအုန်းဆီများကို ချိုသာသောဈေးနှုန်းဖြင့် ရောင်းချပေးသဖြင့် ဒေသခံပြည်သူများက ဝမ်းသာပျော်ရွှင်လျက်ရှိနေကြကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်၌ ဒေသခံပြည်သူများ စားသောက်ရေး အဆင်ပြေစေရန်အတွက် ယခုကဲ့သို့ စားအုန်းဆီများကို ဈေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိသည့်အပြင် အခြေခံစားသောက်ကုန်များကိုလည်း သက်သာသော ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေးအတွက် မြို့ပေါ်ရှိ စားသောက်ကုန်ပစ္စည်းအရောင်းဆိုင်များကို ကွင်းဆင်းကြီးကြပ်၍ အခြေခံစားကုန်ပစ္စည်းများကို ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရေး အသိပညာပေးခြင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ကိုယ်တိုင်စိုက်ပျိုးမွေးမြူထုတ်လုပ်သူများအဖွဲ့က ယာယီအရောင်းဆိုင်ဖွင့်လှစ်၍ ဆန်၊ ဆီ ၊ ဆား ၊ ကြက်ဥ ၊ ဟင်းသီးဟင်းရွက် အစရှိသည့် အခြေခံစားသောက်ကုန်ပစ္စည်းများကို သက်သာသော ဈေးနှုန်းဖြင့် အရှိန်အဟုန်မြှင့် ဖြန့်ဖြူးရောင်းချပေးလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြတ်ခိုင်ထံက သိရသည်။
လှိုင်ဝင်းလေး
https://t.me/MyanmarNationalPost
No comments:
Post a Comment