MNP ၊ စက်တင်ဘာ ၄
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့အတွင်းရှိ ကိုယ်ဝန်ဆောင်မိခင်နှင့် ၎င်းတို့မှမွေးဖွားလာသော အသက်(၂)နှစ်အောက်ကလေးငယ်များအား ၂၀၂၃-၂၀၂၄ဘဏ္ဍာရေးနှစ် ပထမ(၃)လပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် ထောက်ပံ့ကြေးများကို လက်ဝယ်အရောက်ကွင်းဆင်း ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အဆိုပါလုပ်ငန်းတွင် မြို့အုပ်ချုပ်ရေးမှူးနှင့်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးတို့က ထောက်ပံ့ကြေးပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ကိုယ်ဝန် ဆောင်မိခင်များနှင့်ကလေးများအား အာဟာရပြည့်ဝပြီး ဉာဏ်ရည်ဖွံ့ဖြိုးစေရန်အတွက် အခြေခံလိုအပ်ချက်များကို ဖြည့်ဆည်းပေးခြင်းဖြစ်ကြောင်းနှင့် ကိုယ်ဝန်ဆောင်မိခင်များအနေဖြင့် အာဟာရပြည့်ဝမှသာ ကျန်းမာသန်စွမ်းသည့် ရင်သွေးငယ်များ မွေးဖွားနိုင်မည်ဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီးနောက် ထောက်ပံ့ကြေးရရှိသော ကိုယ်ဝန်ဆောင် မိခင်များနှင့် ကလေးငယ်များလက်ဝယ် အရောက်ထောက်ပံ့ကြေးများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းရွာသစ်မြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့်ကျေးရွာအုပ်စု(၇)အုပ်စုရှိ ကိုယ်ဝန်ဆောင်မိခင်(၈၃)ဦး၊ ၎င်းတို့မှမွေးဖွားလာသော ကလေးငယ်(၁၃၀)ဦး စုစုပေါင်း(၂၁၃)ဦးအတွက် ၂၀၂၃-၂၀၂၄ဘဏ္ဍာရေး နှစ် ပထမ(၃)လပတ်(ဧပြီ၊ မေ၊ ဇွန်)လများအတွက် ထောက်ပံ့ကြေးငွေစုစုပေါင်း (၈၉၇၀၀၀၀/-) ကျပ်ကို လက်ဝယ်အရောက်ရရှိစေရေးအတွက် စနစ်တကျအိမ်တိုင်ရာရောက်ပေးအပ်လျက်ရှိကြောင်း သိရသည်။
ဇင်လေး
https://t.me/MyanmarNationalPost
No comments:
Post a Comment