အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

30

31

32


MNP ၊  စက်တင်ဘာ  ၇

အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက တိုင်းစစ်ဌာနချုပ် မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပပြုလုပ်ရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်နိုင်နိုင်ဦးနှင့် တိုင်းစစ်ဌာနချုပ်မှ အရာရှိကြီးများ၊ လားရှိုးတပ်နယ်မှ တပ်ရင်း/တပ်ဖွဲ့မှူးများ၊ အရာရှိ/စစ်သည်/မိသားစုများ၊ ပြိုင်ပွဲဝင်အားကစားသမားများ၊ ဒိုင်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။


ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကားပြောကြားပြီး အမျိုးသားပွဲစဉ်အဖြစ် စခန်းရမခအသင်းနှင့် တန့်ယန်းတပ်နယ်အသင်း၊ အမျိုးသမီးပွဲစဉ်အဖြစ် လားရှိုးတပ်နယ်(က)အသင်းနှင့် ကွတ်ခိုင်တပ်နယ်အသင်းတို့၏ ယှဉ်ပြိုင်ကစားနေမှုများကို ကြည့်ရှုအားပေးသည်။


အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၏ ၂၀၂၃ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား/အမျိုးသမီး) ဘော်လီဘောပြိုင်ပွဲ ကို အမျိုးသား(၁၀)သင်း၊ အမျိုးသမီး (၁၀)သင်းတို့ဖြင့် စက်တင်ဘာလ ၆ ရက်နေ့မှ ၁၁ ရက်နေ့ထိ ယှဉ်ပြိုင်သွားကြမည်ဖြစ်ကြောင်း သိရသည်။


စိုင်းထွန်း

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages