MNP ၊ စက်တင်ဘာ ၃၀
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့၌ (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆို သောအားဖြင့် ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့်အားကစားပြိုင်ပွဲများကို ယမန်နေ့နံနက်(၉) နာရီ အချိန်က ကာလိနယ်မြေရဲစခန်းတွင် ကျင်းပခဲ့ကြောင်းသိရသည်။
အဆိုပါဖွင့်ပွဲအခမ်းအနားတွင် ကာလိနယ်မြေစခန်းမှူး ရဲအုပ် လှသော်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ပိုက်ကျော်ခြင်း အားကစားအသင်း (၈)သင်း ဝင်ရောက်ယှဉ်ပြိုင်ကစားသွားမည် ဖြစ်ကြောင်း၊ အမျိုးသမီးများနှင့် ကလေးများက အပြေးပြိုင်ပွဲများ၊ မုန့်စားပြိုင်ပွဲ၊ ဂုံနီအိတ်စွတ် အပြေးပြိုင်ပွဲများ ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား အောက်တိုဘာလ(၁)ရက်နေ့တွင် ဆုများ အသီးသီးချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
ထင်ထင်
https://t.me/MyanmarNationalPost
No comments:
Post a Comment