ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျိန္တလီမြို့ (Commumity Centre)ခန်းမတွင် “ရုံးလုပ်ငန်းလက်စွဲ”စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

114

115

116


MNP ၊  စက်တင်ဘာ  ၇

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ကျိန္တလီမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Commumity Centre)ခန်းမတွင် ယနေ့ နံနက်(၁၁)နာရီအချိန်က “ရုံးလုပ်ငန်းလက်စွဲ” စာအုပ် အခန်း(၄)မှ “စာရွက်စာတမ်းများလုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း”ခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့သည်။


ထိုသို့ စာဖတ်ဝိုင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်သန်းသန်းလေးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး စာရွက်စာတမ်းများကို လုံခြုံစွာကိုင်တွယ်ထိန်းသိမ်းခြင်း၏ ရည်ရွယ်ချက်များကိုလည်း ထပ်မံ ရှင်းလင်းပြောကြားခဲ့သည်။


 ထို့နောက် ရုပ်သံကျွမ်းကျင်-၃ (အင်အားပြ) ဒေါ်ဖြိုးဝေသူက “လုံခြုံမှုအဆင့်အတန်း”ခေါင်းစဉ်ပါ အကြောင်းအရာများအားလည်းကောင်း၊ အငယ်တန်းစာရေး (အင်အားပြ)ဦးဇော်လင်းက “စာရွက်စာတမ်းများတွင်မှတ်သားခြင်း”ခေါင်းစဉ်ပါ အကြောင်းအရာများအား လည်းကောင်း ဖတ်ကြားပြီး  အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။


အဆိုပါ “ရုံးလုပ်ငန်းလက်စွဲ” စာအုပ်နှင့် စာဖတ်ဝိုင်း ပြုလုပ်ခြင်းအားဖြင့် ဝန်ထမ်းများသည် ရုံးလုပ်ငန်းနှင့်ပတ်သက်သည့်အကြောင်းအရာများ ပိုမိုသိရှိနိုင်မည်ဖြစ်ပါသည်။


ဇော်လင်း

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages