MNP ၊ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ ကွတ်ခိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ကလေးများအား ကျောင်းပိတ်ရက်များတွင် အသိပညာဗဟုသုတ တိုးပွားစေရန်၊ အရောင်များကို ရွေးချယ်တတ်စေရန်၊ စိတ်ပျော်ရွှင်စေရန် ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် စက္ကူခေါက်ပြိုင်ပွဲများကို စက်တင်ဘာလ ၉ ရက်နေ့ နံနက်(၁၁)နာရီက ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများတွင် အမှတ်(၂)ရပ်ကွက်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ ကလေး (၁၀)ဦးတို့က ပျော်ရွှင်စွာဖြင့် လာရောက် ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသော ကလေးများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများက ဆုများချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ချစ်မျိုးဦး
https://t.me/MyanmarNationalPost
No comments:
Post a Comment