မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာအုပ်ပြပွဲပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြောက်ဦးခရိုင် လူထုအခြေပြုဗဟိုဌာန Community Center ခန်းမ၌ စာအုပ်ပြပွဲပြုလုပ်

109

110

111


MNP ၊  စက်တင်ဘာ  ၂၉

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင် ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ ယနေ့ နေ့လယ် (၁)အချိန် က   စာအုပ်ပြပွဲ ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။


စာအုပ်ပြပွဲတွင် ကျောင်းသား/ ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများအား စာအုပ်စာစောင်များ၊ မဂ္ဂဇင်းများ၊ အသိပညာ ဗဟုသုတရရှိမည့်စာအုပ်များ စသည့်စာအုပ်များကို ခင်းကျင်းပြသလျက်ရှိသည်။


အဆိုပါစာအုပ်ပြပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်စောစန္ဒာက စာကြည့်တိုက်သို့ လာရောက်သည့် စာဖတ်ပရိသတ် ပြည်သူများအား အသိပညာ ဗဟုသုတ တိုးပွားစေရေးနှင့် စာအုပ်စာပေကောင်းများ ဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရေးအတွက် ရည်ရွယ်ပြီး ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။


မြင့်စိုး

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages