(၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

(၅) ကြိမ်မြောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) ကျင်းပ


MNP ၊ စက်တင်ဘာ ၄

တောင်သူနည်းပညာ ဆွေးနွေးပွဲ (Farmers’ Forum) ကို ၂-၉-၂၀၂၁ ဇေယျာသီရိမြို့နယ် ရေဆင်းတက္ကသိုလ်နယ်မြေရှိ စိုက်ပျိုးရေးသုတေသနဦးစီးဌာန စုဝေးခန်းမ၌ကျင်းပရာ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာတင်ထွဋ်နှင့် ဦးစီးဌာနများမှ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနအောက်ရှိ နည်းပညာကျွမ်းကျင်ပညာရှင်များနှင့် တပ်ကုန်းမြို့နယ်မှ တောင်သူများတက်ရောက်ကြသည်။

ဦးစွာ ဒုတိယဝန်ကြီးက လယ်ယာကဏ္ဍထုတ်ကုန် မြင့်မားစေရေးအတွက် သီးထပ်စွမ်းအားများကို မြှင့်ဆောင်ကြရမည်ဖြစ်ကြောင်း၊ မြေဆီလွှာများကို ဓာတ်ခွဲ စမ်းသပ်မှု သုတေသနမှတ်တမ်းများအရ ဒေသအသီးသီးမှ မြေဆီလွှာအမျိုးမျိုးတွင် အော်ဂဲနစ် မက်တာခေါ် ဇီဝအကြွင်းအကျန်များနည်းပါးလျက်ရှိရာ အပင်လိုအပ်သည့်အာဟာရဓာတ်များ ထိန်းသိမ်းနိုင်စွမ်းမရှိသည်ကို လေ့လာတွေ့ရှိရကြောင်း၊ မြေဆီလွှာကျန်းမာရေးကောင်းမှ သီးထပ်စွမ်းအား တိုးမြှင့်နိုင်မည် ဖြစ်ကြောင်း။

ယခုကဲ့သို့ နှီးနှောဖလှယ်ပွဲ များမှတစ်ဆင့် အသိပညာနှင့် အသက်မွေးဝမ်းကျောင်း ပညာရပ် များ တိုးပွားလာစေမည်ဖြစ်ပြီး သုတေသီများ၊ ပညာရှင်များနှင့် တောင်သူများအကြား နည်းပညာ ရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲများ ပုံမှန်ကျင်းပပြီး သိသာထင်ရှား သော ပြောင်းလဲတိုးတက်မှုများ ဖော်ဆောင်ပေးနိုင်ရေးအတွက် လုပ်နည်းလုပ်ဟန် အသွင်ကူးပြောင်းမှု မြန်မြန်ဆန်ဆန်ဖြင့် ကြိုးပမ်းသွားကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။

ထို့နောက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) ကို ဆက်လက် ကျင်းပရာ စိုက်ပျိုးရေးဦးစီးဌာန မြေအသုံးချ ရေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန္တာညီနှင့် စိုက်ပျိုးရေးသုတေသနဦးစီးဌာန စိုက်ပျိုးရေးဆိုင်ရာ သဘာဝအရင်းအမြစ်များ သုတေသနဌာနခွဲ မြေဆီလွှာသိပ္ပံသုတေသနဌာနမှ သုတေသနမှူးဒေါက်တာနီနီတင်တို့က မြေဆီလွှာကျန်းမာရေးနှင့် သီးနှံစိုက်စွမ်းအား တိုးမြှင့်ရေးကို တောင်သူများနှင့် အပြန်အလှန် နှီးနှောတိုင်ပင်ဆွေးနွေးကြသည်။

တောင်သူများ၏ စိုက်ပျိုး ထုတ်လုပ်မှုဆိုင်ရာ နည်းပညာ အခက်အခဲများ ဖြေရှင်းပေးရာ တွင် ပိုမိုထိရောက်စွာ ဆောင်ရွက် ပေးနိုင်ရေးအတွက် သုတေသီများ၊ ပညာရှင်များ၊ စိုက်ပျိုးပညာပေး တာဝန်ရှိသူများနှင့် တောင်သူများအကြား နီးကပ်စွာ ဆွေးနွေးအဖြေရှာ ဖော်ထုတ်ပေးနိုင်ရေးအတွက် တောင်သူနည်းပညာဆွေးနွေးပွဲ (Farmers’ Forum) ကို အပတ်စဉ် စနေနေ့တိုင်းကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)