ဂွမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးရန် အသိပေးရှင်းလင်းပွဲ ကျင်းပ - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ဂွမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေး (HPV) ထိုးနှံပေးရန် အသိပေးရှင်းလင်းပွဲ ကျင်းပ

76

77

78

79


MNP ၊  စက်တင်ဘာ  ၁၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်အတွင်းရှိ အသက် (၉)နှစ်ပြည့်ပြီး(၁၂)နှစ်မကျော်သော မိန်းကလေးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံခြင်း မြို့နယ်အဆင့် အသိပေးရှင်းလင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်ပြည်သူ့ဆေးရုံရှိ အစည်းဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အခမ်းအနားတွင်  မြိုနယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာကောင်းစံမြတ်က  သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး(HPV) ထိုးနှံရခြင်းနှင့် ပတ်သက်၍ သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ကုသခြင်း ၊ ရောဂါကူးစက်ခြင်း ဆိုင်ရာ လက္ခဏာများ ၊ ကာကွယ်ထိုးနှံပေးသွားမည့်အစီအစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး ထိုးနှံမှုများနှင့် ပတ်သက်၍ Video Clipsဖြင့်ပြသခဲ့ပြီး တက်ရောက်လာသူများ၏ မေးမြန်းဆွေးနွေးမှုများအပေါ် မြိုနယ် ကုသရေးနှင့်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးက ပြန်လည်ဖြေကြား ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။


ဂွမြို့နယ်အနေဖြင့် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေးဖြစ်သည့် လေးမျိုးစပ် ကာကွယ်ဆေး (တစ်ကြိမ်)ထိုးနှံခြင်းအား စက်တင်ဘာလ (၁၈)ရက်နေ့မှ စ၍ စက်တင်ဘာလ (၂၉)ရက်နေ့အထိ ကျောင်းအခြေပြု ကာကွယ်ဆေး ထိုးနှံခြင်း အဖြစ်လည်းကောင်း ၊ အောက်တိုဘာလ (၁၆)ရက်နေ့မှ အောက်တိုဘာလ(၂၇)ရက်နေ့အထိ  ပြည်သူအခြေပြုကာကွယ်ဆေး ထိုးနှံခြင်း အဖြစ်လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ကြောင်းသိရသည်။ 


ရွှေရည်ဝင်းကျော်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages