ဒဂုံမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒဂုံမြို့နယ်တွင် သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံ



MNP ၊  စက်တင်ဘာ  ၂၀

ရန်ကုန်တိုင်းဒေသကြီး၊​ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်တွင် ကမ္ဘာတစ်ဝှမ်းလုံး အမျိုးသမီးများ၌ စတုတ္ထမြောက်ဖြစ်ပွားမှုများပြီး အသက်ဆုံးရှုံးမှုများသည့်ရောဂါဖြစ်သည့် သားအိမ်ခေါင်းကင်ဆာရောဂါကိုကာကွယ်နိုင်ရန် မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက် (၉) နာရီအချိန်က အမှတ်(၁) အခြေခံပညာအလယ်တန်းကျောင်း ပတ္တမြားခန်းမတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရမည့် ကျောင်းသူများအား ဆေးထိုးပေးခဲ့ကြောင်း သိရသည်။


ထိုသို့ ဆေးထိုးနှံရာတွင် ဆေးထိုးနှံမည့် ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများက စာရင်းသွင်းခြင်း၊ ကျန်းမာရေးစစ်ဆေးခြင်းများ ဆောင်ရွက်ပေးခဲ့ပြီး ယနေ့တွင် အ.လ.က(၁) ကျောင်းမှ ကျောင်းသူစုစုပေါင်း (၁၁၀) ဦးတို့အား ကာကွယ်ဆေးထိုးနှံပေးခဲ့သည်။


အဆိုပါ ကာကွယ်ဆေးထိုးနှံရာသို့ မြို့နယ်စီမံအုပ်ချုပ်​​ရေး​အဖွဲ့ဝင်(၂) ဦးမြင့်အေး၊ မြိနယ်ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာရွှေပြည်နှင့် ကျန်းမာရေးဝန်ထမ်းများ၊ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာဥမ္မာ​​​ထွေးနှင့် ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ ကျောင်းအကျိုးတော်ဆောင်များက ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးခဲ့ပြီး စက်တင်ဘာလ ၁၈ ရက်နေ့မှ ၂၈ ရက်နေ့အထိ အခြေခံပညာကျောင်းများမှ အသက်ပြည့်မီသူ ကျောင်းသူများအား ကျန်းမာရေးဝန်ထမ်းများမှ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။


မိုးမိုးခိုင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)