MNP ၊ စက်တင်ဘာ ၁၈
တနင်္သာရီတိုင်း ၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ မဒေါင်ကျေးရွာအနီးရှိ PDF အကြမ်းဖက်စခန်းအား ယနေ့ နံနက်ပိုင်းက တပ်မတော်သား လုံခြုံရေးတပ်ဖွဲ့ဝင်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ အကြမ်းဖက်သမား ၁၄လောင်း နှင့် လက်နက်ခဲယမ်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ဒေသခံပြည်သူများအပေါ် လက်နက်ကိုင် ခြိမ်းခြောက် ဆက်ကြေးကောက်၊ ဓားမြတိုက်နေသော PDF အကြမ်းဖက်အဖွဲ့ဝင်များကို အသေဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ထံမှ M-4 သေနတ်(၅)လက်၊ M-16 သေနတ် (၁ )လက်၊ AK သေနတ် (၁)လက်၊ -ကျည်အိမ် ၇ ခု သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
ထိတွေ့မှုဖြစ်စဉ်အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost
(အကြမ်းဖက်နှိမ်နင်းရေး ဆောင်ရွက်နေသော တပ်မတော်သား၊ ရဲတပ်ဖွဲ့ဝင်၊ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ ဘေးအန္တရာယ် ကင်းရှင်းစွာဖြင့် အကြမ်းဖက်အန္တရာယ် ဟူသမျှ ဖယ်ရှားရှင်းလင်းနိုင်ကြပါစေ။ မြန်မာပြည်ကြီး ငြိမ်းချမ်းပါစေ၊ ရဟန်းရှင်လူပြည်သူအပေါင်း NLD အစွန်းရောက် အကြမ်းဖက်သမားများ၏ ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။)
No comments:
Post a Comment