မှော်ဘီမြို့နယ်၌ လယ်ယာမြေကို အခြားနည်းသုံးစွဲမှုများ ဖြေရှင်းဆောင်ရွက်ရန်နှင့် ထပ်မံမဖြစ်ပွားစေရန်အတွက် ဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မှော်ဘီမြို့နယ်၌ လယ်ယာမြေကို အခြားနည်းသုံးစွဲမှုများ ဖြေရှင်းဆောင်ရွက်ရန်နှင့် ထပ်မံမဖြစ်ပွားစေရန်အတွက် ဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ



MNP ၊  စက်တင်ဘာ ၄

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်အတွင်း လယ်ယာမြေကိုအခြားနည်းသုံးစွဲမှုများ ဖြေရှင်း ဆောင်ရွက်ရန်နှင့် ထပ်မံမဖြစ်ပွားစေရန်အတွက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။


ဆွေးနွေးပွဲတွင် မှော်ဘီခရိုင် လယ်ယာမြေကိုအခြားနည်းသုံးစွဲမှုများ ဖြေရှင်း ဆောင်ရွက်ရန်နှင့် ထပ်မံမဖြစ်ပွားစေရန်အတွက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေး ကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်က မှော်ဘီမြို့နယ်အတွင်း လယ်ယာမြေကို အခြားနည်းသုံးစွဲမှုများမှ ဖြေရှင်းဆောင်ရွက်မည့် နည်းလမ်းများ၊ နောင်တွင်ထပ်မံမဖြစ်ပွားစေရေးအတွက် ဆောင်ရွက်ရမည့် နည်းလမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်ပတ်သက်၍ စာရင်းကောက်ယူ၍ ဓာတ်ပုံမှတ်တမ်းများနှင့်အတူ ပြုစုတင်ပြနိုင်ရေးတို့အတွက် အလေးထား ဆောင်ရွက်သွားကြရန်နှင့် အချိန်မီစာရင်းပြုစုစိစစ်ဆောင်ရွက်နိုင်ရန်အတွက် (Standard Operating Procedure-SOP) မြို့နယ်ကော်မတီများအပြင် ဌာနဆိုင်ရာများအားလုံး အချိန်မီပြီးစီးရေး ပူးပေါင်းပါဝင်ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားခဲ့သည်။


ထို့နောက် မြို့နယ်လယ်ယာမြေကို အခြားနည်းသုံးစွဲမှုများ ဖြေရှင်းဆောင်ရွက်ရန်နှင့် ထပ်မံ မဖြစ်ပွားစေရန်အတွက် ဆောင်ရွက်ရမည့်လုပ်ထုံးလုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေး ကော်မတီဥက္ကဋ္ဌ ဦးဖြိုးအောင်ကြည်က ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ခရိုင်/မြို့နယ်/ရပ်ကျေးအဆင့်‌ လယ်ယာမြေကိုအခြားနည်းသုံးစွဲမှုများ ဖြေရှင်းဆောင်ရွက်ရန်နှင့် ထပ်မံမဖြစ်ပွားစေရန်အတွက် ဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းစံနှုန်း (SOP) ရေးဆွဲပြုစုရေးကော်မတီအဆင့်ဆင့် ဖြစ်ပေါ်လာပုံ၊ လုပ်ငန်းတာဝန်များ၊ မြေပြင်စာရင်းကောက်ယူနိုင်ရေး လုပ်ငန်းစဉ်များဆွေးနွေးခဲ့ပြီး၊ မြို့နယ်(SOP)ရေးဆွဲရေး ကော်မတီအတွင်းရေးမှူး ဦးထွန်းထွန်းဝင်းမှ လုပ်ငန်းစဉ်ဆွေးနွေးခြင်း၊ online မှ မြေတိုင်းတာနည်းနှင့် Google earth pro application အသုံးပြုခြင်းတို့အား သင်တန်းပို့ချပေးခြင်းတို့အား ဆွေးနွေးခဲ့သည်။


ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် လယ်ယာမြေကို အခြားနည်းသုံးစွဲမှုများ ဖြေရှင်း ဆောင်ရွက်ရန်နှင့် ထပ်မံမဖြစ်ပွားစေရန်အတွက် ဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်း စံနှုန်းရေးဆွဲပြုစုရေး (Standard Operating Procedure-SOP) ရေးဆွဲပြုစုရေး လုပ်ငန်းကော်မတီဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ မြေတိုင်းစာရေးများမှ သိရှိလိုသည်များ အပြန်အလှန်မေးမြန်းခဲ့ပြီး မြို့နယ်ကော်မတီဥက္ကဋ္ဌနှင့် အတွင်းရေးမှူးတို့မှ ရှင်းလင်းဆွေးနွေးဖြေကြားခဲ့ကြောင်း သိရသည်။


ဝင်းဇော်

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)