MNP ၊ စက်တင်ဘာ ၃
TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့အနေဖြင့် KIA အဖွဲ့အား မကျေနပ်၍ လူမျိုးရေးအမုန်းထားကာ ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် - လားရှိုးလမ်းမပေါ်ရှိ ကချင်အများစုနေထိုင်သည့် နမ့်ဖက်ကာကျေးရွာအတွင်းသို့ လက်နက်ကြီးဖြင့် ၂၀၂၃ ဩဂုတ် ၃၀ ရက်နေ့တွင်တစ်ကြိမ်၊ စက်တင်ဘာ ၁ ရက်နေ့တွင်တစ်ကြိမ် ပစ်ခတ်ခဲ့သဖြင့် ဒေသခံတိုင်းရင်းသား/သူတချို့ ထိခိုက် သေဆုံး၊ ဒဏ်ရာရရှိခဲ့သည်။
ထိုကဲ့သို့ TNLA အကြမ်းဖက်သောင်းကြမ်းသူများ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးဒဏ်ရာရရှိခဲ့သော ကချင်တိုင်းရင်းသား ပြည်သူများကို နယ်မြေခံတပ်မတော်စစ်ကြောင်းမှူးများမှ သွားရောက်တွေ့ဆုံ အားပေးစကားပြောကြားခဲ့ပြီး လိုအပ်သည့် ထောက်ပံ့ကူညီမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
#MyanmarNationalPost
No comments:
Post a Comment