MNP ၊ စက်တင်ဘာ ၂
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဌာနချုပ်တွင် ဧကာဒသမအကြိမ်မြောက် ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲအခမ်းအနားကို ယနေ့ နံနက် (၉ ၃၀) အချိန်တွင် ပါတီဌာနချုပ် ညီလာခံခန်းမအတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဖွင့်လှစ်ပြီး ပျဉ်းမနားမြို့ ပါဠိတက္ကသိုလ် မင်္ဂလာဇေယျုံပရိယတ္တိစာသင်တိုက် ပဓါနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမဇောတိကဓဇ ဘဒ္ဒန္တဝိမလဗုဒ္ဓိထံမှ အင်္ဂါ(၅)ပါးနှင့် ပြည့်စုံသော သီလတော်မြတ်အား ခံယူဆောက်တည်ခဲ့ကြပြီး ကြွရောက်တော်မူလာကြသည့် ဆရာတော်အရှင်သူမြတ်များက ပရိတ်တရားတော်များ ရွတ်ပွားချီးမြှင့်ခဲ့ကြသည်။
ပါတီဥက္ကဋ္ဌ ဦးခင်ရီနှင့်ဇနီး၊ ဒုတိယဥက္ကဋ္ဌများဖြစ်ကြသည့် ဦးမြတ်ဟိန်းနှင့်ဇနီး၊ ဦးမျိုးဇော်သိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟိုအတွင်းရေးမှူးများ၊ ဗဟိုအလုပ်အမှုဆောင်များ၊ ဗဟိုကော်မတီဝင်များ၊ ဦးစီးရုံးအရာရှိများ၊ အဖွဲ့ဝင်များနှင့် မိသားစုဝင်များမှ လှူဘွယ်ပစ္စည်းများဆက်ကပ်လှူဒါန်းကြပြီး ပါဠိဆရာတော်ကြီး ချီးမြှင့်သည့် အနုမောဒနာတရားနားကြားခဲ့ပြီး ရေစက်သွန်းချ အမျှပေးဝေခြင်းတို့ပြုလုပ်ပြီး "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်းကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ပါသည်။
Photo - USDP
#MyanmarNationalPost
No comments:
Post a Comment