USDP ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အရှေ့)မှ ပါတီတာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ပါတီ၏ ရေတို/ရေရှည်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

USDP ဥက္ကဋ္ဌ ဦးခင်ရီ ပဲခူးတိုင်းဒေသကြီး(အရှေ့)မှ ပါတီတာဝန်ရှိသူများ နှင့်တွေ့ဆုံ၍ ပါတီ၏ ရေတို/ရေရှည်လုပ်ငန်းများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြား






MNP ၊ စက်တင်ဘာ ၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ယမန်နေ့က ပဲခူးမြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပပြုလုပ်သည့် ပဲခူးတိုင်းဒေသကြီး(အရှေ့) တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်များမှ ပါတီတာဝန်ရှိသူများနှင့် တွေ့ဆုံပွဲအခမ်းအနားသို့  ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ပဲခူးတိုင်းဒေသကြီး(အရှေ့)ပါတီ ဥက္ကဋ္ဌ ဗဟိုအလုပ်အမှုဆောင် ဦးရဲမြင့်ထွန်း တို့နှင့်အတူ တက်ရောက်ခဲ့ကြောင်း သိရသည်။

တွေ့ဆုံပွဲကို ပါတီဥက္ကဋ္ဌအပါအဝင် တက်ရောက်လာသူအားလုံးက နိုင်ငံတော်အလံအလေးပြုပြီး နိုင်ငံတော်သီချင်းသီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြပါသည်။ ထိုနောက် ပါတီဥက္ကဋ္ဌက အမှာစကား ပြောကြားရာ " ပါတီ၏ သမိုင်းကြောင်း၊ ရေတို/ရေရှည်လုပ်ငန်းများ၊ ကဏ္ဍကြီး(၈)ရပ်အပါအဝင် ထိတွေ့ဆောင်ရွက်ရမည့်ကဏ္ဍများ၊ ကာလပိုင်းခြားလုပ်ဆောင်သည့် ရက်(၉၀)စီမံချက်၊ ပါတီဝင်အင်အားစာရင်းများအား စနစ်တကျထားရှိရေး၊ Project Circle Management ကို ကျွမ်းကျင်စွာဆောင်ရွက်နိုင်ရေး " စသည့် ကိစ္စရပ်များအား မှာကြားခဲ့ကြောင်း သိရသည်။


#MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)