ပခုက္ကူတက္ကသိုလ်၌ လူငယ်သီတင်းပတ်(Youth Week) ဖွင့်ပွဲ အခမ်းအနားကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပခုက္ကူတက္ကသိုလ်၌ လူငယ်သီတင်းပတ်(Youth Week) ဖွင့်ပွဲ အခမ်းအနားကျင်းပ




MNP ၊  စက်တင်ဘာ ၅

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊ ပခုက္ကူတက္ကသိုလ်၌ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်လာစေရေး ရည်ရွယ်၍ လူငယ်သီတင်းပတ် (Youth Week) ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်၊ ကျွန်းရွှေဝါခန်းမ၌ ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်က “လူငယ်များအနေဖြင့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်လာစေရန်၊ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်ပြီး အရည်အချင်းပြည့်ဝသောလူငယ်များ ပိုမိုပေါ်ပေါက်လာစေရန်၊ ပြည်ထောင်စုစိတ်ဓာတ်နှင့် မျိုးချစ်စိတ်ဓာတ်ရှင်သန်ထက်မြက်ရေးနှင့် အတွေးအခေါ်အယူအဆမှန်ကန်စေရေး၊ တိုင်းရင်းသားလူမျိုးများ၏ စာပေနှင့်ယဉ်ကျေးမှုဓလေ့ထုံးစံများ လေးစားမြတ်နိုးထိန်းသိမ်းကာကွယ်တတ်စေရန်တို့အတွက် ရည်ရွယ်ကျင်းပပေးခြင်းဖြစ်ကြောင်း” အဖွင့်အမှာစကားပြောကြားသည်။


ဆက်လက်၍ (၂၃)ကြိမ်မြောက် မြန်မာတိုင်းရင်းသားတို့၏ ရိုးရာယဉ်ကျေးမှုအဆို၊ အက၊ အရေး၊ အတီး ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများက တေးသီချင်းများဖြင့် သီဆိုဖျော်ဖြေဖွင့်လှစ်ကြပြီး အရှေ့တိုင်းပညာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာအေးအေးဝင်းသိန်းက “လူငယ်နှင့်ကိုယ်ကျင့်တရား” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အရှေ့တိုင်းပညာဌာနမှကထိက ဒေါက်တာအေးချမ်းသာက “လူငယ်နှင့်ပြည်သူ့နီတိ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဒဿနိကဗေဒဌာနမှ ကထိက ဒေါက်တာမေဇင်လတ်က “လူငယ်နှင့်အတွေးအခေါ်” ခေါင်းစဉ်ဖြင့်လည်းကောင်း အသီးသီးဟောပြောကြသည်။


အဆိုပါအခမ်းအနားတွင် ပခုက္ကူတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာတင်ထွန်းအောင်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ဘာသာရပ်ဌာနအသီးသီးမှ ပါမောက္ခဌာနမှူးများနှင့်ဆရာည၊ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြပြီး ကျောင်းသား၊ ကျောင်းသူများက အကအလှတေးသီချင်းများဖြင့် ကပြဖျော်ဖြေတင်ဆက်ကြကြောင်း သိရသည်။


ဘာမီသာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)