မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ် (Youth Week)လူငယ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနား တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် မကွေးပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ် (Youth Week)လူငယ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနား တက်ရောက်






MNP ၊  စက်တင်ဘာ ၅

ပညာရေးဝန်ကြီးဌာန၊ ဆရာအတတ်ပညာဦးစီးဌာန မကွေးပညာရေးဒီဂရီကောလိပ်တွင် လူငယ်သီတင်းပတ်(Youth Week)လူငယ်လှုပ်ရှားမှု ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမရှေ့၌ ကျင်းပရာ  မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအမျိုးသမီး အားကစားအဖွဲ့နာယကနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မကွေးပညာရေးဒီဂရီကောလိပ်မှ သင်ကြားရေးဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကောင်းသူများ တက်ရောက်ခဲ့ကြသည်။


ဦးစွာ မကွေးပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ်(Youth Week)လူငယ်လှုပ်ရှားမှုအခမ်းအနားကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်နှင့် တာဝန်ရှိသူတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကျောင်းသား၊ ကျောင်းသူများ ကပြဖျော်ဖြေမှုကို ကြည့်ရှုအားပေးသည်။


ထို့နောက် မကွေးပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ် (Youth Week) လူငယ်လှုပ်ရှားမှု လူငယ်စကားဝိုင်းကို မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမ၌ ဆက်လက်ကျင်းပရာ ကျောင်းသား၊ ကျောင်းသူများက ဘက်စုံဖွံ့ဖြိုးတိုးတက်ဖို့ လူငယ်ပွဲတော်နွှဲပျော်စို့ တေးသီချင်းဖြင့် ကပြဖျော်ဖြေကာကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင်က လူငယ်များအား ဗလငါးတန်ဖွံ့ဖြိုးရေးဆိုင်ရာများနှင့်ပတ်သက်၍ သြဝါဒစကားပြောကြားရာ ယခု မကွေးပညာရေးဒီဂရီကောလိပ်(၄-၉-၂၀၂၃)ရက်နေ့မှ (၈-၉-၂၀၂၃)ရက်နေ့အထိ ရက်သတ္တပတ်ကို ပညာရေးဝန်ကြီးဌာန တက္ကသိုလ်နှင့် ဒီဂရီကောလိပ်ပေါင်းစုံ လူငယ်သီတင်းပတ် (Youth Week)အဖြစ် သတ်မှတ်ကာ ဗလငါးတန်ဖွံ့ဖြိုးရေး လှုပ်ရှားမှုများ ကျင်းပဆောင်ရွက်လျက်ရှိကြောင်း၊ ယနေ့ကမ္ဘာပေါ်တွင် လူဦးရေ(၈)ဘီလီယံကျော်ရှိသည့်အနက် အသက်(၁၅)နှစ်မှ (၂၄)နှစ်အတွင်းရှိ လူငယ်ဦးရေသည် ၁ ဒသမ ၂ ဘီလီယံခန့်ရှိပြီး ကမ္ဘာ့လူဦးရေစုစုပေါင်း၏ ၁၆ ရာခိုင်နှုန်းခန့်ရှိကာ၊ ယင်းလူဦးရေ၏ ၉၀ ရာခိုင်နှုန်းနီးပါးမှာ ဖွံ့ဖြိုးဆဲ နိုင်ငံများတွင် နေထိုင်ကြသူများဖြစ်ကြောင်း၊ ကမ္ဘာ့လူငယ်ဦးရေ၏ ၆၀ ရာခိုင်နှုန်းကျော်မှာ အာရှ-ပစိဖိတ်ဒေသမှဖြစ်ပြီး ဒေသတွင်း စုစုပေါင်းလူဦးရေ၏ ၁၉ ရာခိုင်နှုန်းကျော်ရှိကြောင်း သိရှိရပါကြောင်း၊ အာဆီယံဒေသတွင်းတွင်လည်း လူဦးရေစုစုပေါင်း၏ ၃၄ ရာခိုင်နှုန်းနီးပါးသည် အသက် ၁၅ နှစ်မှ ၃၅ နှစ်အတွင်းရှိ လူငယ်များဖြစ်ပြီး၊ မိမိတို့မြန်မာနိုင်ငံတွင်လည်း ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေ သန်းခေါင်စာရင်းအစီရင်ခံစာအရ ၁၆ ဒသမသန်းမှာ အသက် ၁၅ နှစ်မှ ၃၄ နှစ်အထိ လူငယ်များဖြစ်ကြပြီး နိုင်ငံစုစုပေါင်းလူဦးရေ၏ ၃၃ ရာခိုင်နှုန်းကျော်ရှိကြောင်း။ လူငယ်များသည် နောင်တစ်ချိန်တွင် နိုင်ငံ့တာဝန်များကို ပခုံးပြောင်းတာဝန်ယူကြရမည်ဖြစ်ပြီး အနာဂတ်ကမ္ဘာကို ပုံဖော်ရေးဆွဲကြမည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပါကြောင်း၊ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သော ကြီးမားသည့် လူ့စွမ်းအားအရင်းအမြစ်များဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ထူးခြားသည့်အင်အားစုတစ်ရပ်ဖြစ်၍ အနာဂတ်ခေါင်းဆောင်များလည်းဖြစ်ပါကြောင်း၊ လူငယ်တို့ ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှု ပြဿနာများကို ဖြေရှင်းကျော်လွှား၍ မြန်မာနိုင်ငံရှိ လူငယ်များ၏ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေး၊ ပညာရေး၊ ယဉ်ကျေးမှု၊ ဖွံ့ဖြိုးမှုအနာဂတ် အလားအလာကောင်းများကို ရှေ့ဆောင်လမ်းပြပေးနိုင်ရန် လူငယ်ရေးရာမူဝါဒကို ၂၀၁၇ ခုနှစ်တွင် ရေးဆွဲအကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လူငယ်ရေးရာမူဝါဒဆိုင်ရာ အမျိုးသားအဆင့် မဟာဗျူဟာစီမံချက်(၂၀၂၀-၂၀၂၄)ကိုလည်း ရေးဆွဲပြဌာန်းနိုင်ခဲ့ပါကြောင်း၊ လူငယ်ရေးရာမူဝါဒတွင် လူငယ်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ အဓိကကဏ္ဍ(၁၆)ရပ်ပါရှိပြီး ၎င်းကဏ္ဍ(၁၆)ရပ်မှ ပညာရေးကဏ္ဍကျန်းမာရေးကဏ္ဍ မူးယစ်ဆေးဝါးနှင့် အခြားဘေးဖြစ်စေတတ်သည့် အန္တရာယ်များကဏ္ဍ အားကစားနှင့်အပန်းဖြေခြင်းကဏ္ဍ အလုပ်အကိုင်အခွင့်အလမ်းကဏ္ဍ စီးပွားရေးကဏ္ဍ နိုင်ငံရေးကဏ္ဍ စာပေအနုပညာနှင့် ယဉ်ကျေးမှုကဏ္ဍ သုတေသနကဏ္ဍ သိပ္ပံနှင့်နည်းပညာကဏ္ဍ ပြည်သူ့နီတိနှင့် နိုင်ငံ့သားကောင်းဖြစ်မှုကဏ္ဍ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးကဏ္ဍ ငြိမ်းချမ်းရေးနှင့် ဘဝလုံခြုံရေးကဏ္ဍ ကျား/မညီမျှမှုကဏ္ဍ လူ့အခွင့်အရေးကဏ္ဍ နိုင်ငံတကာဆက်ဆံရေးကဏ္ဍများဖြစ်ပါကြောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ(၃၃)တွင် “နိုင်ငံတော်သည် လူငယ်များမျိုးချစ်စိတ်ဓာတ် ရှင်သန်ထက်မြက်ရေး၊ အတွေးအခေါ်မှန်ကန်ရေးနှင့် ဗလငါးတန်တိုးတက် ဖွံ့ဖြိုးရေးတို့အတွက် ဆောင်ရွက်ရမည်”ဟူသော နိုင်ငံတော်အခြေခံမှုနှင့်အညီ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားကဏ္ဍသည်အရေးကြီးသည့် အခန်းကဏ္ဍတစ်ခုဖြစ်ပြီး လူငယ်များအား ငယ်ရွယ်စဉ်ကတည်းက ပညာသင်ယူခြင်းနှင့်အတူ အားကစားလိုက်စားပြီး ကျန်းမာကြံ့ခိုင်၍ ဗလငါးတန်ပြည့်ဝသည့် နိုင်ငံ့သားကောင်းများဖြစ်အောင် ပြုစုပျိုးထောင်ပေးသွားမည့် ရည်ရွယ်ချက်နှင့်အတူ လူငယ်များကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားနှင့် ကာယပညာဖြင့် ပေါင်းစပ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အခြေခံအားကစားနည်းတစ်ရပ်ရပ်ကို လေ့လာလိုက်စားခြင်းအားဖြင့် ကျန်းမာကြံ့ခိုင်၍ ဉာဏ်ရည်ထက်မြက်သော လူငယ်များမွေးထုတ်ပေးနိုင်မည်ဖြစ်ပြီး စနစ်တကျ ဆက်လက်လေ့ကျင့် ပြုစုပျိုးထောင်ပေးနိုင်ပါက အားကစားဖြင့် နိုင်ငံ့ဂုဏ်ကို မြှင့်တင်ပေးနိုင် သည့် နိုင်ငံ့ဂုဏ်ဆောင် အားကစားသမားများ ဖြစ်လာမှာဖြစ်ပါကြောင်း၊ လူငယ်ရေးရာဦးစီးဌာနအနေဖြင့် လူငယ်လူရွယ်များ၏ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ပတ်ဝန်းကျင်ဒေသန္တရဗဟုသုတများ တိုးပွားလာစေရန်၊ လူငယ်အချင်းချင်း အတွေ့အကြုံဗဟုသုတများ ဖလှယ်နိုင်စေရန်နှင့် လူငယ်အချင်းချင်းအကြား ချစ်ကြည်ရင်းနှီးမှု တိုးပွားလာစေရန် ရည်ရွယ်၍ လူငယ်လေ့လာရေးခရီးစဉ်များ၊ အသင်းအလိုက် လှုပ်ရှားမှုများကို စီစဉ်ဆောင်ရွက်ပေးလျက်ရှိရာ မဟာပရဟိတ(စမတောင်) လူငယ်ဖွံ့ဖြိုးရေးဂေဟာမှ လူငယ်များ အားလည်းကောင်း၊ အဝါရောင်မျိုးဆက်သစ် ပရဟိတအသင်း(YGW) လူငယ်ဖွံ့ဖြိုးရေးကျောင်းမှ လူငယ်များအားလည်းကောင်း၊ ပြည်ထောင်စုနယ်မြေ နေပြည်တော်ရှိ အခြေခံပညာအထက်တန်းကျောင်းများမှ ကျောင်းသား၊ ကျောင်းသူလူငယ်များအား ဖိတ်ကြား၍ လူငယ်ရေးရာ အသိပညာပေးဟောပြောခြင်း၊ စုပေါင်းဂိမ်းကစားခြင်း၊ ဝဏ္ဏသိဒ္ဓိအားကစားကွင်းနှင့် အားကစားရုံတို့ကို လေ့လာခြင်း၊ အားကစားပြိုင်ပွဲများ ကြည့်ရှုအားပေးခြင်း၊ ဝဏ္ဏသိဒ္ဓိရေကူးကန်တွင် ရေကူးအားကစားသရုပ်ပြမှု အားကြည့်ရှုလေ့လာခြင်း၊ မြန်မာ့အားကစားလှုပ်ရှားမှုများ အားကစားပြတိုက်နှင့် ပြခန်းအား လေ့လာခြင်း၊ မြန်မာ့ရိုးရာ ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲများသို့ သွားရောက်လေ့လာအားပေးခြင်း စသည့် လူငယ်လေ့လာရေးခရီးစဉ်များ ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်အရ ပညာရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ(၂၀၂၃)အား ကျင်းပပြုလုပ်ခဲ့ပြီး ပညာရေးတန်းစဉ်ကူးပြောင်းမှုနည်းပါးခြင်းကို ကုစားနိုင်မည့် နည်းလမ်းများရှာဖွေခြင်း၊ ကျောင်းတက်သူဦးရေ တိုးတက်လာစေမည့် နည်းလမ်းများရှာဖွေခြင်း၊ KG+9 ပညာရေးကို အမျိုးသားရေးကိစ္စတစ်ရပ်အဖြစ် တိုင်းဒေသကြီး/ ပြည်နယ်အားလုံးတွင် ဆောင်ရွက်နိုင်ရေးနှင့် လူငယ်လူရွယ်များ၏ အသက်မွေးဝမ်းကျောင်းမှုကို အထောက်အကူပြုစေမည့် အသက်မွေးဝမ်းကြောင်း ပညာအခြေခံရရှိရေးအတွက် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်မှစတင်၍ KG+10, 11, 12 တွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ စက်မှုနည်းပညာရပ်များအား ခရိုင် ၅၀ ရှိ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်း ၅၁ ကျောင်းဖွင့်လှစ်ကာ သင်ကြားပို့ချပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ အာဆီယံလူငယ်ဆိုင်ရာလုပ်ငန်းအစီအစဉ် ၂၀၂၁-၂၀၂၅ (ASEAN Work Plan on Youth 2021-2025)တွင်ပါဝင်သည့် လူငယ်များ၏ အခွင့်အရေးများကို မြှင့်တင်နိုင်ရေး ဆောင်ရွက်သွားမည့် ရည်မှန်းချက်များနှင့်အညီ အာဆီယံဒေသအဆင့် ဆွေးနွေးပွဲများ၊ ညီလာခံများ၊ သင်တန်းများ၊ ပြိုင်ပွဲအစီအစဉ်များတွင် မြန်မာလူငယ်များ ပါဝင်ဆောင်ရွက်ခွင့်ရရှိစေရန် အာဆီယံအတွင်းရေးမှူးချုပ်ရုံး၊ မိတ်ဖက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ အချုပ်အားဖြင့် စည်းလုံးညီညွတ်၍ သဟဇာတဖြစ်သည့် အနာဂတ်လူ့ဘောင်အဖွဲ့အစည်းအား ထူးချွန်ထက်မြက်သော၊ ကျန်းမာကြံ့ခိုင်သော၊ တွေးခေါ်နိုင်စွမ်းရှိသော၊ အကျင့်စာရိတ္တကောင်းမွန်သော၊ နိုင်ငံကြီးသားပီသသော၊ တာဝန်ယူမှု တာဝန်ခံမှုရှိသော၊ အတ္တနှင့်ပရ မျှတသော၊ လူ့ကျင့်ဝတ်လူ့တန်ဖိုးကို အလေးထား၍ စိတ်ဓာတ်စည်းကမ်းကောင်းမွန်သော လူကောင်းလူတော်များဖြင့်သာ ဖန်တီးဖော်ဆောင်ပေးနိုင်မည်ဖြစ်ရာ နိုင်ငံ၏အနာဂတ်အတွက် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်အောင် ကြိုးပမ်းဆောင်ရွက်ကြဖို့ တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။


ဆက်လက်ပြီး ကာယပညာဌာန၏ လှုပ်ရှားမှု  Fitness Dance နှင့် မြန်မာ့သိုင်းအခြေခံ(၆၃) ကွက်တို့ကို သရုပ်ပြသခြင်များ ဆောင်ရွက်ကာ၊ သရုပ်ပြ၊ ဖျော်ဖြေတင်ဆက်ခဲ့ကြသည့် အဖွဲ့များအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ခဲ့ပြီး၊ လူငယ်စကားဝိုင်းကို ကျင်းပရာ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြင်ကြင်သန်းက ဦးဆောင်ဆွေးနွေးသူအဖြစ် ဆောင်ရွက်ကာ ကျောင်းသား၊ ကျောင်းသူ(၅)ဦးတို့က လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် စာဖတ်ခြင်း၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် မူးယစ်ဆေးနှင့် လူငယ်နှင့်ယဉ်ကျေးမှု စသည့်ခေါင်းစဉ်များဖြင့် ဆွေးနွေးဆောင်ရွက်ခဲ့ကြသည်။


ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မကွေးပညာရေးဒီဂရီကောလိပ် ပညာ့ဗိမာန်ခန်းမအတွင်း သင်ထောက်ကူပစ္စည်းများ ခင်းကျင်းပြသထားမှုအား လှည့်လည်အားပေးကြည့်ရှုခဲ့ကြကြောင်းနှင့် မကွေးပညာရေးဒီဂရီကောလိပ် လူငယ်သီတင်းပတ်(Youth Week) လူငယ်လှုပ်ရှားမှုကို (၄-၉-၂၀၂၃)ရက်နေ့မှ(၈-၉-၂၀၂၃)ရက်နေ့အထိ ကျင်းပဆောင်ရွက်သွားမည်ဖြစ်ပြီး၊ လူငယ်သီတင်းပတ်(Youth Week) လူငယ်လှုပ်ရှားမှုအဖြစ် လူငယ်စကားဝိုင်းကျင်းပခြင်း၊ ကျပန်းစကားပြောပြိုင်ပွဲကျင်းပခြင်း၊ လက်တွေ့တန်းပြ အတွေ့အကြုံဖလှယ်ခြင်း၊ သိပ္ပံဌာနဉာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပခြင်း၊ လောကနီတိဆိုင်ရာ ဟောပြောပွဲကျင်းပခြင်းနှင့် ဂီတအနုပညာဌာနလှုပ်ရှားမှုများ၊ ကျောင်းကောင်စီအသင်းလိုက် ဈေးရောင်းပွဲတော်ကျင်းပခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)