မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်အား များစွာချီးကျူးကြောင်း တရုတ်သံရုံးထုတ်ပြန် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်အား များစွာချီးကျူးကြောင်း တရုတ်သံရုံးထုတ်ပြန်

054

MNP ၊ အောက်တိုဘာ ၂၃

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည်  မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ ချန်းဟိုင်အား ၂၃-၁၀-၂၀၂၃ ရက်၊ (၁၀ ၃၀) နာရီအချိန်တွင် နေပြည်တော်ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံခဲ့သည်။

အဆိုပါတွေ့ဆုံမှုနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်အား များစွာချီးကျူးကြောင်း သတင်းထုတ်ပြန်ထားသည်။

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai သည် အောက်တိုဘာလ ၂၃ ရက်နေ့တွင် နေပြည်တော်၌ မြန်မာနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေနှင့် တွေ့ဆုံခဲ့ကြောင်း၊ သံအမတ်ကြီး Mr. Chen Hai က တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်အခြေအနေနှင့် ၎င်း၏အရေးပါအနက်အဓိပ္ပာယ်၊ ရလဒ်များကို မိတ်ဆက်ပေးခဲ့ကြောင်း၊ သံအမတ်ကြီး Mr. Chen Hai က မြန်မာနိုင်ငံသည် “Belt and Road” လမ်းကြောင်းတစ်လျှောက်နိုင်ငံဖြစ်သကဲ့သို့ “Belt and Road” ပူးပေါင်းဆောင်ရွက်မှုကို တက်တက်ကြွကြွပါဝင်သူနှင့် အကျိုးခံစားရသူလည်းဖြစ်ကြောင်း၊ တရုတ်-မြန်မာ နှစ်နိုင်ငံသည် စီးပွားရေးစင်္ကြံတည်ဆောက်မှုကို စဉ်ဆက်မပြတ် ဖော်ဆောင်လျက်ရှိကြောင်း၊ သက်ဆိုင်ရာပူးပေါင်းဆောင်ရွက်မှုများသည်လည်း မြန်မာနိုင်ငံ တည်ငြိမ်အေးချမ်းမှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြု၍ မြန်မာနိုင်ငံပြည်သူတစ်ရပ်လုံးကို အကျိုးဖြစ်ထွန်းစေကြောင်း၊ တရုတ်နိုင်ငံသည် မြန်မာနိုင်ငံနှင့်အတူ ယခုအကြိမ် ထိပ်သီးဖိုရမ်ရလဒ်သဘောတူညီချက်များကို အကောင်အထည်ဖော်ဆောင်သွားလိုပြီး သမ္မတရှီကျင့်ဖျင်က ထုတ်ပြန်ကြေညာသည့် တရုတ်နိုင်ငံက “Belt and Road” အရည်အသွေးမြင့်အတူတကွတည်ဆောက်မှုအား ထောက်ခံအားပေးသည့် လှုပ်ရှားမှု ၈ ရပ် မြန်မာနိုင်ငံတွင် ဖော်ဆောင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ကာ စည်ပင်ဝပြော ဖွံ့ဖြိုးတိုးတက်မှုကို အတူဖော်ဆောင်သွားလိုကြောင်း ပြောကြားခဲ့သည်။

ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံကိုယ်စား တတိယအကြိမ်မြောက် “Belt and Road” နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ထိပ်သီးဖိုရမ်အောင်မြင်စွာကျင်းပပြီးစီးမှုကို လှိုက်လှဲစွာဂုဏ်ပြု၍ “Belt and Road” ပူးပေါင်းဆောင်ရွက်မှု ၁၀ နှစ် အောင်မြင်မှုများနှင့် ယခုအကြိမ်ထိပ်သီးဖိုရမ်၏ အရေးပါရလဒ်များကို လွန်စွာချီးကျူးကြောင်းပြောကြားခဲ့သည်။ ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေက မြန်မာနိုင်ငံ “Belt and Road” အဆိုပြုချက်အောက်ရှိ ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှုများကို အမြဲတက်တက်ကြွကြွပါဝင်ခဲ့ကြောင်း၊ တရုတ်-မြန်မာစီးပွားရေးစင်္ကြံ တည်ဆောက်မှုအား လမ်းညွှန်မှုအဖြစ်သဘောထားကာ တရုတ်နိုင်ငံနှင့်အတူ ညှိနှိုင်းမှုမြှင့်တင်၍ စီမံကိန်းကြီးများ၊ အပြန်အလှန်ချိတ်ဆက်မှု၊ လျှပ်စစ်၊ ဘဏ္ဍာရေး၊ ပြည်သူ့လူနေဘဝအကျိုးပြုရေး စသည့်ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူများအကျိုးစီးပွားကို မြှင့်တင်သွားလိုကြောင်း ပြောကြားခဲ့ကြောင်း တရုတ်သံရုံးက သတင်းထုတ်ပြန်ထားခြင်း ဖြစ်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် မြန်မာ-တရုတ် နှစ်နိုင်ငံအကြား တည်ရှိပြီးဖြစ်သည့် ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကို အခြေခံ၍ ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး၊ ၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်ရေးမူဘောင်အောက်မှ မြန်မာ-တရုတ် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် စီမံကိန်းများကို နှစ်ဖက် အပြန်အလှန် အကျိုးဖြစ်ထွန်းမှုအပေါ် အခြေခံ၍ အရှိန်အဟုန်မြှင့် အကောင်အထည်ဖော်သွားရေး၊ မြန်မာ-တရုတ် နှစ်နိုင်ငံနယ်စပ်ဒေသ တစ်လျှောက် တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးအတွက် နှစ်ဖက်ပူးပေါင်းဆောင်ရွက်ရေး၊ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်း အကောင်အထည်ဖော်နိုင်ရေး၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး ကြိုးပမ်းအားထုတ်မှုများတွင် တရုတ်နိုင်ငံမှ အပြုသဘော ဆက်လက် ကူညီဆောင်ရွက်ပေးသွားမည့်ကိစ္စများ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာ အထူးသဖြင့် အာဆီယံနှင့် ကုလသမဂ္ဂတို့တွင် ပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များအပေါ် ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးအမြင်ချင်းဖလှယ်ခဲ့ကြောင်း ထုတ်ပြန်ထားသည်။

           

https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Pages