ဗဟန်းမြို့နယ် BISA ​ကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးဂိမ်းများ ​ဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဗဟန်းမြို့နယ် BISA ​ကျောင်းတွင် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး အသိပညာပေးဂိမ်းများ ​ဆောင်ရွက်



MNP ၊ အောက်တိုဘာ  ၁၈

ရန်ကုန်တိုင်းဒေသကြီး၊အ​နောက်ပိုင်းခရိုင်၊ဗဟန်းမြို့နယ်၊ ဗိုလ်ချို (၂)ရပ်ကွက် ဖိုးစိန်လမ်း Bahan International Science Academy (BISA) ကျောင်းတွင်  ပြည်ထဲရေးဝန်ကြီးဌာန မီးသတ်ဦးစီးဌာနမှ ကလေးသူငယ်များအတွက် သဘာဝဘေးအန္တရာယ်လျော့ချရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးအသိပညာပေး Kaeru Caravan (ဂိမ်းကစားခြင်း) အစီအစဥ်များအား ယမန်နေ့​ နေ့လယ် ၁၃း၀၀နာရီက ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။


အဆိုပါအသိပညာ​ပေး ဂိမ်းကစားပွဲများအား အနောက်ပိုင်းခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွန်ကြားရေးမှူး ဦးရှိုင်းဝေမိုးဦးဆောင်၍  မီးသတ်တပ်ဖွဲ့ဝင် (၇၀) ဦးတို့က ပါဝင်ဆောင်ရွက်ခဲ့ကြပြီး ဗဟန်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုလတ်နှင့် အဖွဲ့ဝင်များ၊ Bahan International Science Academy BISA ကျောင်းမှ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ​ကျောင်းသူများ(၁၀၀)ကျော် တက်ရောက်ခဲ့ကြသည်။ မီးတပ်ဖွဲ့ဝင်များမှ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဂိမ်းများ ဆော့ကစားစေခြင်း အစီအစဉ်များအား ဆောင်ရွက်ခဲ့ကြရာ ည​နေ(၁၅:၀၀) အချိန်ထိ​ အသိပညာ​ပေးဆောင်ရွက်ခဲ့ကြ​ကြောင်း သတင်းရရှိပါသည်။


ကြည်​ဇေ​​သော်

https://t.me/MyanmarNationalPost





No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)