ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း ၉၅၀၆ သိန်းထုတ်ချေးပေးနိုင်ခဲ့ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပေါက်ခေါင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် မြစိမ်းရောင်စီမံကိန်းရန်ပုံငွေကျပ်သိန်း ၉၅၀၆ သိန်းထုတ်ချေးပေးနိုင်ခဲ့


MNP ၊ အောက်တိုဘာ  ၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်အတွင်း ကျေးရွာများတွင် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေး၊ ကျေးရွာဖွံဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေးအတွက်ရည်ရွယ်၍ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ  မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်လည်ပတ်ရန်ပုံငွေထုတ်ချေးပေးလျက်ရှိရာ စက်တင်ဘာ ၃၀ ရက်နေ့က  စီမံကိန်းဝင်ကျေးရွာပေါင်း  ၂၂ ရွာကို အားလုံးထုတ်ချေးပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှ သိရသည်။


မြစိမ်းရောင်စီမံကိန်းအရင်း မပျောက်လည်ပတ်ရန်ပုံငွေပေးအပ်ရာသို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး‌ဦးစီးဌာန မြို့နယ်ဦးစီးမှူးဒေါ်ခိုင်ခင်မြဝင်း ဦးဆောင်သောဝန်ထမ်းများအဖွဲ့က စီမံကိန်းဝင်ကျေးရွာ ၂၂ ရွာသို့ အဖွဲ့များခွဲ၍ မြစိမ်းရောင်စီမံကိန်းအရင်းမပျောက်မတည်ရန်ပုံငွေများကို ကျေးရွာအရောက်သွားရောက်ထုတ်ချေးပေးခဲ့သည်။


အဆိုပါ မြစိမ်းရောင်စီမံကိန်းဆောင်ရွက်ရာတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ၊ စျေးရောင်းစျေးဝယ်လုပ်ငန်းများ၊ အသေးစားလုပ်ငန်းများစသည့် လုပ်ငန်းများလုပ်ကိုင်ပြီးရရှိလာသည့် အတိုးငွေများဖြင့် မိမိတို့ကျေးရွာအတွင်း လိုအပ်လျက်ရှိသည် လမ်းများ၊ တံတားများ၊ ရေရရှိရေး၊ မီးရရှိရေးစသည့် ဒေသဖွံ့ဖြိုးရေး လုပ်ကိုင်ဆောင်ရွက်သွားရမည်ဖြစ်ပြီး ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွက် မြစိမ်းရောင်ကျေးရွာစီမံကိန်းကျေးရွာ ၂၂ ရွာအတွက်  ကျပ်သိန်း ၉၅၀၆ သိန်းကိုထုတ်ချေး ပြီးစီးပြီဖြစ်ကြောင်း မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။


သန်းထွန်းအောင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)