ကော့ကရိတ်မြို့ အ.မ.က(၂)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ကော့ကရိတ်မြို့ အ.မ.က(၂)ကျောင်း၌ နယ်လှည့်စာကြည့်တိုက် အသိပညာပေးကွင်းဆင်းဆောင်ရွက်




MNP ၊ အောက်တိုဘာ  ၄

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူး‌ပေါင်း၍ အခြေခံပညာကျောင်းများ၌ ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတတိုးပွားစေရေး ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၁ နာရီခန့်က အ.မ.က(၂)အခြေခံပညာမူလတန်းကျောင်း၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ကွင်းဆင်းဆောင်ရွက်ပေးခဲကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်(၃) ဒေါဖြိုးသဥ္ဖာနွယ်မှ လူကုန်ကူးဆိုင်ရာသိရှိထားသင့်သည့် အကြောင်းအရာတို့ကို လည်းကောင်း ဒုတိယဦးစီးမှူး ဒေါ်သင်းမြတ်သော်က ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတရရှိစေရန်ရည်ရွယ်၍  စာဖတ်ခြင်းမှရရှိနိုင်သော အကျိုးကျေးဇူးများတို့ကိုလည်းကောင်း ဆွေးနွေးဟော​ပြောခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများ လူအများရှေ့တွင် ပြောဆိုရဲသည့် အလေ့အကျင့်ကောင်းများရရှိစေရေးအတွက်  ပုံပြင်ပြောပြခြင်း အစီစဥ်တို့ကို ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။


ထိုနောက် ကျောင်းသား၊ ကျောင်းသူများအား စာဖတ်သည့် အလေ့အထကောင်းရရှိစေရေး၊ စာပေဖတ်ရှုလေ့လာနိုင်ရန် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ရုပ်ပြပုံပြင်စာအုပ်များ၊ ကလေးများအသိပညာတိုးပွားရေး စာအုပ်စာပေများနှင့်  ကလေးအလုပ်သမားပပျောက်ရေး စသည့်အသိပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသရာ ကျောင်းသားကျောင်းသူများမှ စိတ်ပါ၀င်စားစွာ ကြည့်ရှုလေ့လာခဲ့ကြောင်း သိရသည်။


ခင်မျိုးဝင်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)