ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်စေရန် မီးဘေးလုံခြုံရေး ကွင်းဆင်းစစ်ဆေး

80

81

82

83


MNP ၊ အောက်တိုဘာ ၂၆

ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ မီးဘေးအန္တရာယ်မကျရောက်စေရန်နှင့် ကြိုတင်ကာကွယ် မှုများပြုလုပ်နိုင်ရန်အတွက် ယနေ့ နံနက်ပိုင်းက ခရိုင်/မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များမှ ကျောက်ဖြူ မြို့ပေါ်ရပ်ကွက်များရှိ  လူနေအိမ်များ၊ စာသောက်ဆိုင်များနှင့် ပုဂ္ဂလိကဘဏ်များသို့သွားရောက် ကာ မီးဘေးလုံခြုံရေးကွင်းဆင်း စစ်ဆေးခဲ့ကြသည်။


 အဆိုပါ မြို့ပေါ်ရပ်ကွက်များရှိ လူနေအိမ်များ၊ စာသောက်ဆိုင်များနှင့် ပုဂ္ဂလိကဘဏ်များ ၌  မီးသုံးစွဲမှုစနစ်တကျရှိ/မရှိ၊ အရေးပေါ်မီးသတ်ဆေးဗူးများထားရှိမှု ရှိ/မရှိ၊ မီးချိတ် မီးကပ်များ၊ သဲအိတ်၊ ရေအိတ်များနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်ရန် ရေလှောင်ကန်များတွင် ရေသိုလှောင်ထား ရှိမှု ရှိ/မရှိတို့အား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လျှပ်စစ်မီးမသုံးစွဲဘဲ ထင်းမီးဖို၊ မီးသွေးမီးဖို များဖြင့် ချက်ပြုတ်စားသောက်နေသည့် လူနေအိမ်များတွင် မီးကြွင်းမီးကျန်များ မကျန်ရှိစေရေး၊ ဖယောင်းတိုင်၊ အမွှေးတိုင်များဖြင့် ဘုရားမီးပူဇော်ရာတွင် စနစ်တကျထွန်းညှိပူဇော်ကြရန်နှင့် မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပေါ်စေရေးတို့ကို အကြံပြုမှာကြားခဲ့သည်။


အလားတူ ကျောက်ဖြူမြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်တွင်လည်း ကိုယ်ပိုင်မော်တော် ယာဉ်များ၊ ပုဂ္ဂလိက အဝေးပြေးအမြန်ယာဉ်လိုင်းများနှင့် စက်သုံးဆီသယ်ဆောင်သည့် မော်တော် ယာဉ်များတွင် မီးသတ်ဆေးဘူးများအဆင့်သင့် ထားရှိ/ မရှိစစ်ဆေးပြီး မီးသတ်ဆေးဘူးများအား သက်တမ်းလွန်ဆေးဘူးများ အသုံးမပြုရေး အသိပညာပေးပြောကြားခဲ့ကြကြောင်း သိရှိရသည်။ 


တင်ထွန်းဦး၊ဖြိုးဝေလင်း

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages