လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လယ်ဝေးမြို့နယ်၊ သပြေပင်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေး


MNP ၊ အောက်တိုဘာ   ၁၀

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ ဝန်ထမ်းများသည် လယ်ဝေးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ကျောင်းများသို့ ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးလျက်ရှိသည်။


အောက်တိုဘာလ ၈ ရက်နေ့က လယ်ဝေးမြို့နယ် သပြေပင်ကျေးရွာ အထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ဆောင်ရွက်ပေးလျက်ရှိရာ သပြေပင် (အ.ထ.က)မှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၀၉ ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ နေ့ချင်းပြီး ဆောင်ရွက်ပေးခဲ့သည်။။


လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လယ်ဝေးမြို့နယ်ရုံးအနေဖြင့် မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများ၊ ကျောင်းများတွင် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများအား ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


ဝေကြည် 

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)