သုံးခွမြို့နယ် ကတုံးပေါ်အထက်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက် အကူပြုမော်တာ အပ်ချုပ်စက်သင်တန်းဆင်း - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

သုံးခွမြို့နယ် ကတုံးပေါ်အထက်ကျေးရွာတွင် အသက်မွေးဝမ်းကျောင်းအထောက် အကူပြုမော်တာ အပ်ချုပ်စက်သင်တန်းဆင်း



MNP ၊ အောက်တိုဘာ  ၇

ရန်ကုန်တိုင်းဒေသကြီး‌၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိ၍ မိသားစုဝင်ငွေတိုးပွားစေရန်၊  ဆင်းရဲမှုနှုန်းလျှော့ကျစေရန်၊ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်‌စေရန် ရည်ရွယ်၍ ‌‌  ကတုံးပေါ်အထက်ကျေးရွာ ဓမ္မာရုံ၌ဖွင့်လှစ်ခဲ့သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု မော်တာအပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့​နံနက် ၁၀ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲတွင် သုံးခွမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုက သင်တန်းဆင်းအမှာစကားပြောကြားသည်။


ဆက်လက်၍ မြို့နယ်ဦးစီးမှူး  ဒေါ်ခင်နှင်းချိုနှင့်  တာဝန်ရှိသူများက သင်တန်းသား/သူများအား  သင်တန်းဆင်းလက်မှတ်နှင့် ထူးချွန်သူများကို ဆုများချီးမြှင့်ပြီး နည်းပြဆရာနှစ်ဦးအား လက်ဆောင်ပစ္စည်းများ ပေးအပ်ချီးမြှင့်ခဲ့ကြသည်။


ထို့နောက် သင်တန်းသား/သင်တန်းသူများ   ချုပ်လုပ်ထားသော  အဝတ်အထည်များကို   ကြည့်ရှုအား‌ပေးခဲ့ကြောင်း သိရသည်။


အဆိုပါသင်တန်းသို့ သင်တန်းသား၊ သင်တန်းသူ (၂၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းနည်းပြနှစ်ဦးတို့က စာ‌တွေ့လက်‌တွေ့(၄၅)ရက်ကြာ သင်တန်းပို့ချ‌ပေးခဲ့ကြောင်း သိရသည်။


စည်သူလင်း 

https://t.me/MyanmarNationalPost








No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)