စမ်းချောင်းမြို့နယ်တွင် မြို့နယ်မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

စမ်းချောင်းမြို့နယ်တွင် မြို့နယ်မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


MNP ၊ အောက်တိုဘာ  ၉

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်၌ မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေး လုပ်ငန်းကြီးကြပ်မှု ကော်မတီလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ယမန်နေ့မွန်းလွဲ (၁၀:၀၀)နာရီက ပြုလုပ်ခဲ့ကြောင်းသိရသည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဘဝင်းက အစည်းအဝေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး၊ မြို့နယ် လဝက ဦးစီးမှူး ဦးဇော်မင်းသိန်းက  မြေပြင်ကွင်းဆင်းကောက်ယူရေး လုပ်ငန်းနှင့်ပတ်သတ်၍ ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


အဆိုပါအစည်းအဝေးသို့ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြပြီး နိုင်ငံသားစိစစ်ရေးကဒ်ပြားမရှိသူများ၊ အိမ်ထောင်စုစာရင်းမရှိသူများနှင့် မှတ်ပုံတင်နံပါတ်ကျန်ရှိသူများအား အမြန်မြေပြင်ကွင်းဆင်း ကောက်ယူပြုလုပ်ပေးနိုင်ရန် ဆွေးနွေးခဲ့ကြကြောင်း သိရပါသည်။


 ဖြူသွယ်ထွန်း

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)