တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများ ဖြေဆို - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများ ဖြေဆို


MNP ၊ အောက်တိုဘာ  ၁၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၏ အောက်တိုဘာလ ပထမနှစ်ဝက်စာမေးပွဲများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာဖြင့် Grade-4 မှ Grade-12 အထိ ယနေ့နံနက် ၉ နာရီအချိန်၌ စတင်ဖြေဆိုနေလျက်ရှိသည်။


အဆိုပါ စာမေးပွဲကို တစ်ရက်လျှက် တစ်ဘာသာဖြင့် မူလတန်းအဆင့် Grade-5 တန်းကို (တစ်)နာရီ မေးခွန်းလွှာအားလည်းကောင်း၊ အလယ်တန်းဆင့် Grade-6.7.8.9 အတန်းများအား (တစ်)နာရီ မေးခွန်းလွှာအားလည်းကောင်း၊ အထက်တန်းဆင့်အတန်းများမှ Grade-10 နှင့် Grade-11  တို့ကို (နှစ်)နာရီ မေးခွန်းလွှာအားလည်းကောင်း၊ Grade-12 ကို (သုံး)နာရီ မေးခွန်းလွှာအားလည်းကောင်း အသီးသီး ဖြေဆိုနေကြကြောင်း သိရသည်။                                                                                                   


မင်းလွင်ဦး

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)