MNP ၊ အောက်တိုဘာ ၁၉
လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လက်အောက်ရှိ လူမှုဝန်ထမ်ဦးစီးဌာန အမှတ်(၅) မူလတန်းကြိုကျောင်း တာမွေမြို့နယ်မှ စီစဉ်ကျင်းပသော ၂၀၂၃-ခုနှစ် ကျောင်းတွင်းရင်သွေးငယ်လေး များ၏ အနုပညာဖန်တီးမှုစွမ်းရည်ပြိုင်ပွဲများကို ယမန်နေ့ မွန်းတည့်(၁၂)နာရီအချိန်က အဆိုပါမူလတန်းကြိုကျောင်း ခန်းမဆောင်၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ အဆိုပါကျောင်းရှိ ရင်သွေးငယ်လေးများ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါ ၂၀၂၃-ခုနှစ် ကျောင်းတွင်းရင်သွေးငယ်လေးများ၏ အနုပညာဖန်တီးမှုစွမ်းရည်ပြိုင်ပွဲများ ကျင်းပ ပြုလုပ်ရာတွင် ကျောင်းရှိ ရင်သွေးငယ်လေးများအား အငယ်ဆင့်၊ အကြီးဆင့် သတ်မှတ်၍ ဆေးရောင်ခြယ်ပန်းချီပြိုင်ပွဲ၊ လက်ချောင်းပန်းချီပြိုင်ပွဲနှင့် စိတ်ကူးယဉ်ပန်းချီပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ အမှတ်(၅) မူလတန်းကြိုကျောင်း တာမွေ မြို့နယ်မှ သားငယ်/ သမီးငယ်လေးများ စိတ်ပါဝင်စားစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပြိုင်ပွဲအသီးသီးတွင် ထူးချွန်ဆုရရှိသူ များအား ၂၀၂၃-ခုနှစ် အောက်တိုဘာလ(၁၉)ရက်နေ့တွင် ထူးချွန်ဆုများ အသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ၂၀၂၃-ခုနှစ် ကျောင်းတွင်းရင်သွေးငယ်လေးများ၏ အနုပညာဖန်တီးမှုစွမ်းရည်ပြိုင်ပွဲများ ယှဉ်ပြိုင်နေမှု အား လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများနှင့် တာမွေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကိုးအောင်နှင့်အဖွဲ့ဝင် များက အားရဝမ်းသာစွာဖြင့် လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
https://t.me/MyanmarNationalPost
No comments:
Post a Comment