မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကွင်းဆင်းဆောင်ရွက်







MNP ၊ အောက်တိုဘာ   ၁၁

သံတွဲမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများသည် ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများဆောင်ရွက်ရန်အတွက် ယမန်နေ့နံနက် ၁၀နာရီက သံတွဲမြို့နယ် ဆင်ခေါင်းကျေးရွာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့် မြို့နယ်အဆင့်ဌာန ဆိုင်ရာများ ပါဝင်သည့်ပူးပေါင်းအဖွဲ့သည် သံတွဲ-ဆင်ခေါင်းလမ်းပျက်စီးနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။ ထို့နောက် ဆင်ခေါင်းကျေးရွာ သီရိသုခိတာဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိပြီး  ဆရာတော် ဥူးသုရက္ခိတ အမှူးပြုသည့် ဆရာတော်သုံးပါးတို့အား ဖူးမျှော်ကြည်ညို ကြပြီး လှူဘွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းခဲ့ကြသည်။ပြီးနောက် ဆရာတော် ဥူးသုရက္ခိတ က လမ်းပြုပြင်ဆောင်ရွက်ရေးအတွက် စက်ယန္တရားနှင့် မော်တော်ယာဉ်လိုအပ်မှုအခြေအနေ၊ ကျောက်ထုတ်မည့် နေရာနှင့် ရပ်ရွာအနေဖြင့် ကူညီပံ့ပိုးပေးမည့်အခြေအနေများကို မိန့်ကြားတော်မူခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို  ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌထံသို့ ဆက်လက်တင်ပြပြီး  လိုအပ်သည်များကို ဆက်လက်ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းပြန်လည်ဆွေးနွေးခဲ့သည်။


အဆိုပါတာဝန်ရှိသူများသည် ဆင်ခေါင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ရောက်ရှိပြီး  နှစ်ထပ်ကျောင်းဆောင်သစ်တည်ဆောက်နေမှုအခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ရာ တာဝန်ခံအင်ဂျင်နီယာ ဦးနေစိုးက ဆောက်လုပ်ပြီးစီးမှုအခြေအနေများကို ရှင်းလင်းပြောကြား ခဲ့သည်။  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့်တာဝန်ရှိသူများက သတ်မှတ် စံချိန် စံညွှန်းနှင့် အညီဆောင်ရွက်ရေး ၊ သတ်မှတ်ကာလအတွင်းအချိန်မီပြီးစီးရေးနှင့် ငွေကြေးထုတ်ယူ ရာတွင် သတ်မှတ်စည်းကမ်းများနှင့်အညီ သက်ဆိုင်ရာတာဝန်ရှိသူများထံ အဆင့်ဆင့်တင်ပြ လမ်းညွှန်မှုခံယူ ဆောင်ရွက်ရေးတို့ကိုလမ်းညွှန်မှာကြားခဲ့သည်။ထို့အပြင် ညောင်ခြေထောက် ကျေးရွာရှိ ဦးဌေးမင်း ၏ ရေခဲစက်တည်ဆောက်မှု အခြေအနေများကို ကြည့်ရှု့စစ်ဆေးခဲ့ရာ မြို့နယ်ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ် မီးသတ်ဦးစီးဌာနနှင့် မြို့နယ်မြေစာရင်းဦးစီးဌာနတို့မှ တာဝန်ရှိသူများ၏ စစ်ဆေးခွင့်ပြုချက်များ ရရှိမှသာ စက်လည်ပတ်မှုများဆောင်ရွက်ရေးကို အလေးထားဆောင်ရွက်ကြရန် လမ်းညွှန်မှာကြား ခဲ့ကြောင်းသိရှိရသည်။


သန့်ဇင်

https://t.me/MyanmarNationalPost




No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)