ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မန္တလေးတိုင်းဒေသကြီးရှိ ကလေးပြုစုရေးဌာန ကျောင်းဆောင်သစ်ဖွင့်လှစ်ပွဲနှင့် သက်ကြီးပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း မန္တလေးတိုင်းဒေသကြီးရှိ ကလေးပြုစုရေးဌာန ကျောင်းဆောင်သစ်ဖွင့်လှစ်ပွဲနှင့် သက်ကြီးပုဂ္ဂိုလ်များတွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက်


MNP ၊ အောက်တိုဘာ ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းသည် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ ဝန်ကြီးဌာနမှတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာန မန္တလေးကလေးပြုစုရေးဌာန၌ကျင်းပသည့် ကျောင်းဆောင်သစ်ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကမ္ပည်းမော်ကွန်းကို အမွှေးနံ့သာရည်ဖြင့်ပက်ဖျန်းပေးသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက စောင့်ရှောက်ထားရှိသောကလေးများ၏ ကျန်းမာရေးနှင့်ရေရှည်ဘဝရပ်တည်‌ရေးတို့အတွက် အစီအမံများချမှတ်၍ ဆောင်ရွက်ပေးရန်၊ အထူးပြုစုစောင့်ရှောက်ရန်လိုအပ်သော ကလေးများအတွက်လည်း ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုနှင့် လိုအပ်သောအထောက်အကူပြုကိရိယာများ စနစ်တကျသုံးစွဲနိုင်ရေးစီစဉ် ဆောင်ရွက်ပေးရန်မှာကြားပြီး ကလေးများထံ အမှတ်တရလက်ဆောင်ပစ္စည်းများပေးအပ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဟိုတယ်မန္တလေးတွင်ကျင်းပသည့် သက်ကြီးပုဂ္ဂိုလ်များနှင့်တွေ့ဆုံဆွေးနွေးခြင်း အလုပ်ရုံဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်၍ ယနေ့အလုပ်ရုံဆွေး‌နွေးပွဲကို သက်ကြီးပုဂ္ဂိုလ်များ၏ စကားသံများကိုနားထောင်ပြီး လိုအပ်သောပံ့ပိုးမှုများ ဆောင်ရွက်နိုင်စေရန်၊ လူ့အဖွဲ့အစည်းအတွင်း သက်ကြီးပုဂ္ဂိုလ်များအနေဖြင့် ပါဝင်ဆောင်ရွက်ခွင့်ရရှိနိုင်စေရန်နှင့် သက်ကြီးပုဂ္ဂိုလ်များအပေါ် အလေးထားမှုကိုပြသနိုင်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ဖော်ထုတ်နိုင်ရေးအတွက် ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။

အလုပ်ရုံဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ဘိုးဘွားများ၊ သက်ကြီးဘာသာရပ်ဆိုင်ရာ ပညာရှင် ပါမောက္ခ ဒေါက်တာမြင့်ဟန်၊ မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်နှင့် မြန်မာနိုင်ငံမိခင်နှင့် ကလေး စောင့်‌ရှောက်ရေးအသင်းတို့မှဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာဌာန အဖွဲ့အစည်းများမှ တာဝန်ရှိသူများတက်ရောက်ကြသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် လူမှုဝန်ထမ်းဦးစီးဌာန နားမကြားသော ကလေးများကျောင်း(မန္တလေး) သို့သွားရောက်၍ အတန်းပညာသင်ကြားနေမှု၊ သက်မွေးပညာများ သင်ကြားလေ့ကျင့်ပေးနေမှု၊ နားမကြားသူများအတွက် လက်သင်္ကေတပြဘာသာစကား ကူညီပံ့ပိုးသူများသင်တန်း ဖွင့်လှစ်ပို့ချနေမှု၊ အကြားအာရုံစမ်းသပ် စစ်ဆေးပေးနေမှုနှင့် စကားပြောလေ့ကျင့်သင်ကြားပေးနေမှုတို့ကို လှည့်လည်ကြည့်ရှုပြီး ကျွမ်းကျင်ပညာရှင်များ စဉ်ဆက်မပြတ် မွေးထုတ်လေ့ကျင့်သင်ကြားပေးရန်နှင့် ကလေးများအနေဖြင့် မိမိကိုယ်ကိုရပ်တည်နိုင်ပြီး ရပ်ရွာလူ့အသိုင်းအဝိုင်းအတွင်း ယုံကြည်မှုရှိစွာဖြင့် ဝင်ဆံ့နိုင်စေရေး အသိပညာ၊ အတတ်ပညာများကို သင်ကြားလေ့ကျင့်ပေးရန် တိုက်တွန်းမှာကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးရှိ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ကယ်ဆယ်ရေးပစ္စည်းသိုလှောင်ရုံသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)