ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ် - MyanmarNationalPost

.com/img/a/

News Agency

Breaking

  
demo-image

ရခိုင်ပြည်နယ် မောင်တောမြို့၌ ခရိုင်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနိုင်းအစည်းအဝေးပြုလုပ်

75

76

77

78

79


MNP ၊ အောက်တိုဘာ ၂၆

ရခိုင်ပြည်နယ် ၊ မောင်တောမြို့၌  ခရိုင်အဆင့် ဌာနဆိုင်ရာများ၏  လုပ်ငန်း ညှိနိုင်း အစည်း အဝေးကို ယနေ့  နံနက် ၁၀ နာရီအချိန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်း တွင် ပြုလုပ်ခဲ့သည်။ 


ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေဦးက သာသနာတော်နှစ် ၂၅၆၇ ခု ၊ ကောဇာ သက္ကရာဇ်-၁၃၈၅ခု  ၊ ခရစ်နှစ် ၂၀၂၃ ခုနှစ်   ၊ သီတင်းကျွတ်လပြည့်နေ့တွင် ပြုလုပ်မည့် ဂိုဏ်းပေါင်းစုံ သံဃာ့ ပဝါရဏ ပွဲတော်ကြီး နှင့် ဆွမ်း ဆန်စိမ်း လောင်းလှူပွဲကျင်းပပြုလုပ်မည့်ဖြစ်သဖြင့် ဌာနဆိုင်ရာများ နှင့် စေတနာရှင်ပြည်သူများက ဆရာတော် အရှင်သူ မြတ် များအား ဆွမ်းဆန်စိမ်းလောင်းလှူနိုင်ရေးအတွက် ကြိုတင်စီမံဆောင်ရွက်ရမည့် ကိစ္စရပ်များကို စနစ်တကျပူးပေါင်း ဆောင်ရွက်စေလိုကြောင်း ၊ ဆွမ်းဆန်စိမ်း လောင်းလှူနိုင်ရေးအတွက် လိုအပ်သော အခမ်းအနားပြင်ဆင်ရေး ကိစ္စရပ် များ အား ဌာနဆိုင်ရာတာဝန်ရှိသူများက  ပူးပေါင်းဆောင်ရွက် ရမည် ဖြစ်ကြောင်း၊ သီတင်းကျွတ်ကာလအတွင်း ဘုရား စေတီ ပုထိုးများတွင် ဆီမီးများ ထွန်းညှိပူဇော်နိုင်ရေးအတွက် စသည့်တို့ကို ပြောကြားခဲ့သည်။ထို့နောက် တက်ရောက် လာ ကြသော ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ တာဝန်ရှိသူများက  လုပ်ဆောင်မည့် လုပ်ငန်း တာဝန်များအား အသီး သီး တင်ပြကြရာ  ဆွေးနွေးတင်ပြချက်များ အပေါ်  ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌမှ ပေါင်းစပ် ညှိနှိုင်းပေးခဲ့ကြောင်း သိရ သည်။


သက်လွင်စိုး၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost


.com/img/a/


No comments:

Post a Comment

Donate and Support

Pages